30 C
Yangon

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအပေါ် ကျင်စက်ဖြင့် တို့သည့် တော်လှန်ရေးရဲဘော်တချို့ကို KNDF က အရေးယူ

Must read

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများအပေါ် ကျင်စက်ဖြင့် တို့သည့် တော်လှန်ရေးရဲဘော်တချို့ကို KNDF က အရေးယူ

ရန်ကုန် ၊ မေ ၁၆

ကရင်နီပြည်နယ်တွင် KNDF ၏ ရဲဘော်တစ်ဦးမှ စစ်သုံ့ပန်းတစ်ဦးကို ကျဉ်စက်ဖြင့် တို့နေသည့် ဗီဒီယိုတစ်ခု ဧပြီလ ၂၇ ရက်နေ့တွင် လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီး အဆိုပါ ဗီဒီယိုပါ တော်လှန်ရေး ရဲဘော်နှင့် ‌ဘေးနားမှ နောက်ပြောင် ကျီဆယ်နေသူရဲဘော်များကို အရေးယူလိုက်ပြီဖြစ်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က မေ ၁၅ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် သည်။

စစ်ကောင်စီတပ်သားများကို ကျင်စက်ဖြင့် တို့သည့် အဆိုပါ ဖြစ်ရပ်ကို ကျူး လွန် သူ တော်လှန်ရေးရဲဘော်များသည် နှိပ်စက်ညှဉ်းပန်းလိုသည့်ရည်ရွယ် ချက်နှင့် ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနှင့် ပြည်သူလူထုမှ ပေါက်ဖွားလာပြီး ပြည်သူကို ညှဉ်းဆဲသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ခိုက်နေသော၊ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီ ၏ ရန်မှ ကာကွယ်နေသော အဖွဲ့အစည်း ဖြစ်ကြောင်း၊ KNDF တွင် စနစ်ကျနသည့် မူဝါဒများ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်ရာ KNDF မှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကိုလည်း ဂျီနီဗာကွန်ဗန်းရှင်း/KNDF၏စစ်သုံ့ပန်းဆိုင်ရာမူဝါဒ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း KNDF က ပြောသည်။

လူ့အခွင့်အရေးနှင့် ဆန့်ကျင်ပြီး ပြည်သူလူထုနှင့် စစ်သုံ့ပန်းများကို နှိပ်စက်ညှဉ်းပန်းခြင်းကို တားမြစ်ပြီး ပြုလုပ်သူကိုလည်း သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လက်တလော ‌လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ရုပ်သံဗီဒီယိုနှင့် ပတ်သက်၍ အမှန်တရားနှင့်ငြိမ်းချမ်းရေးကို လိုလားသော ပြည်တွင်းပြည်ပမှ ပြည်သူများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံများကို ဝမ်းနည်းစိတ် အနှောင့်အယှက်ဖြစ်စေသည့်အတွက် KNDF အနေဖြင့်လည်း ထပ်တူတပ်မျှ စိတ်မကောင်းဖြစ်ရပြီးအနူးအညွတ်ဝန်ချတောင်းပန်ထားသည်။

KNDFအနေဖြင့် အမှန်တရားနှင့် ပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ တရားမျှတမှုမရှိခြင်းနှင့် လူ့အခွင့် အရေးချိုးဖောက်မှု ပုံစံမှန်သမျှကို ကန့်ကွက်ရှုတ်ချပါကြောင်း KNDF က ပြည်သူ လူထုကို အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article