36 C
Yangon

ကော့ကရိတ်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ

Must read

ကော့ကရိတ်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ မေ ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ ဘုန်းကြီးကျောင်း တစ်ကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း Justice Soldier PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၈ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကော့ကရိတ်မြို့နယ် မြောက်ပိုင်းရှိ ဝါးကျောင်း ဘုန်းကြီးကျောင်းကို တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

” အဲဒီနေရာက ကျွန်တော်တို့ သိမ်းပိုက်ရရှိပြီးတည်းက ကျွန်တော်တို့ ထိန်းချုပ် နယ်မြေ ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ ထိန်းချုပ် နယ်မြေဆိုပေမယ့် ဘုန်းကြီးကျောင်းမှာ ကျွန်တော်တို့ တပ်စခန်း ထိုင်တာမရှိဘူး။ အဲဒီမှာ ဘုန်းကြီးလည်း မရှိဘူး။ အဲမှာ ကျောင်းထိုင်ခဲ့တဲ့ ဘုန်းကြီးက ပြေးသွားပြီး သူက မဘသ ဘုန်းကြီး အဲတာကို မနေ့က ရန်သူက ပေါင် ၅၀၀ ဗုံး ၂ လုံး လာကျဲသွားတော့ ဘုရားတွေ ကျောင်းတွေ ပျက်စီးသွားတာပေါ့” ဟု Justice Soldier PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article