28 C
Yangon

ကျွန်းစုမြို့နယ်တွင် စစ်သင်္ဘောနှင့် လှေများကို ကြားဖြတ် တိုက်ခိုက်

Must read

ကျွန်းစုမြို့နယ်တွင် စစ်သင်္ဘောနှင့် လှေများကို ကြားဖြတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၂၈

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲ ကျေးရွာကို ရေကြောင်းဖြင့်လာသည့် စစ်သင်္ဘောနှင့် လှေများကို PDF တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။

မေလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် စစ်သား ၁၀၀ ဝန်းကျင်ပါသည့် စစ်သင်္ဘော ၁ စီးနှင့် လှေငယ် ၆ စီး ကို ပြည်သူ့ ကာကွယ်ရေးတပ်က စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲက ရေထဲမှာဖြစ်တာပါ။ သူတို့ဝင်တဲ့ ဘဒ္ဒနဲ ရွာက ချောင်းတွင်းပိုင်းရွာ ကျွန်တော်တို့က ရေကြောင်းအတိုင်းလာချိန် စောင့်ကြို ပစ်ခတ်တိုက်ခိုက်ခဲ့တာ သူတို့ဘက်ကလည်း ပွိုင့်ဖွိုက်တွေ၊ လက်နက်ကြီးတွေနဲ့တိုးဝင်လာတယ်” ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကို အတည်မပြုနိုင်သေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း ၂ နှင့် တနင်္သာရီ ကာကွယ်ရေးပြောက်ကျား အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article