34 C
Yangon

ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံးပြီး စစ်သား အလောင်းများကို မီးရှို့ဖျောက်ဖျက်

Must read

ခင်ဦးတွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံးပြီး စစ်သား အလောင်းများကို မီးရှို့ဖျောက်ဖျက်

ရန်ကုန်၊ မေ ၂၆

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၅ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ်​ စစ်ကြောင်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကာ သေဆုံးသွားသော စစ်သား အလောင်းများကို မြေနီလျှို ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံးထဲထည့်ကာ မီးရှို့ အလောင်း ဖျောက်ဖျက်သွားပြီး နေအိမ် ၁ လုံးနှင့် ကောက်ရိုးပုံတို့ မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

” သေဆုံးသွားတဲ့ စစ်ခွေး အလောင်းတွေကို မြေနီလျှိုကျေးရွာမှာရှိတဲ့ နေအိမ်တစ်လုံးထဲ ထည့်ပြီး မီးရှို့သွားတယ်။ ပြည်သူပိုင် နေအိမ် ၁ လုံးနဲ့ ကောက်ရိုးပုံ တို့ မီးလောင်ပြာကျသွားတယ်။ ရွှေဘို-မြစ်ကြီးနား လမ်းဘေးမှာ မိုင်းထိပီး သေကြတာ မီးရှို့တာက အလောင်းတွေထည့်ရှို့သွားတာပါ အရိုးစုတွေတွေ့ပါတယ် မိုင်းကွဲတဲ့နေရာမှာသွေးတွေတွေ့ပါတယ်” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article