34 C
Yangon

ခင်ဦးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာ၍ ပြည်သူ ၇၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ခင်ဦးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာ၍ ပြည်သူ ၇၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်တပ်က ထပ်မံ စစ်ကြောင်းထိုးလာ၍ ပြည်သူ ၇၀၀၀ ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၆ ရက်နေ့ မန္တလေးမှဆင်းလာသော စစ်တပ် စစ်ကြောင်းသည် စဥ့်ကူးမြို့နယ် ၊နွယ်ရုံကျေးရွာ၊ကျည်တောက်ပေါက်ကျေးရွာ၊ချောင်းသလဲကျေးရွာ၊ရွှေကျင်ကျေးရွာ၊အင်းဇောက်ကြီးကျေးရွာများသို့ ဝင်ရောက်၍ ရွှေကျင်ကျေး ရွာနှင့်အင်းဇောက်ကြီးကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ဧရာ၀တီ မြစ်ကြောင်းထဲမှ တက်လာသည့် စစ်တပ်စစ်ကြောင်း တစ်ခု၊ ရေမြက်ကျေးရွာ၊မင်းမရုံကျေးရွာမှ တက်လာသည့် စစ်ကြောင်း ၁ ကြောင်း၊ကျောက်မြောင်း၊လေမသိန်းမှ တက်လာသည့် စစ်တပ် စစ်ကြောင်း ၁ ကြောင်း၊စုစုပေါင်း စစ်တပ် စစ်ကြောင်း

၃ ကြောင်း ပြန်လည်ပေါင်းဆုံကြောင်း သိရှိရသည်။

စစ်ကြောင်း ၃ ကြောင်း ပြန်လည်ပေါင်းဆုံပြီးနောက် မေလ ၇ ရက်နေ့တွင် ခင်ဦးမြို့နယ်၊အနောက်ဖက်ကမ်းရှိ ကဘွတ်ကျေးရွာ၊ကုတ္တက်ကျေးရွာ၊သင်ပေါင်းကျေးရွာများသို့ ဝင်ရောက်၍ ကဘွတ်ကျေးရွာကို မီးရှို့ခဲ့ကြောင်း ၊ စစ်ကြောင်းထိုးလာမှုကြောင့် ခင်ဦးမြို့နယ် အစပ် စဥ့်ကူးမြို့နယ်အတွင်းရှိ ကျေးရွာများ၊သပိတ်ကျင်းမြို့နယ်အတွင်း ကျေးရွာ များ စုစုပေါင်း ကျေးရွာ ၈ ခုမှ ပြည်သူ ၃၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ကြရကြောင်း သိရှိရသည်။

ထို့အတူ ခင်ဦးမြို့နယ် အနောက်ခြမ်း ရွာသစ်ကုန်းပျူစောထီးများ နှင့် ရေဦးမှ ယမန်နေ့ညကတည်းက တက်လာသော အင်အား၇၀ကျော် စစ်ကြောင်းသည် မေလ ၈ ရက်နေ့ နံနက်ပိုင်း မြကန်ကျေးရွာမှ တစ်ဆင့် အောင်သာရွာ၊ ကုန်းသာရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်၍ ခြေလျင်စစ်ကြောင်းထိုးလာကြောင်း၊ ထို့ကြောင့် ကျေးရွာ ၉ရွာမှ ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ခြမ်းသို့ စစ်တပ်က စစ်ကြောင်းများ ခွဲ၍ ဝင်ရောက်နေသဖြင့် ထွက်ပြေး တိမ်းရှောင်နေရသော ပြည်သူအရေအတွက် ၇၀၀၀ ကျော်ရှိလာ‌ောကာင်း သိရှိရသည်။

ခင်ဦးမြို့နယ် အရှေ့ခြမ်း ကဘွက်ရွာနှင့် ကုတ္တက်ရွာတို့ကို မီးတင်ဖျက်ဆီးခဲ့သော အကြမ်းဖက် စစ်ကောင်စီ အင်အား ၂၀၀ ခန့်သည် ယနေ့ မေလ ၈ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဘေးပတ်ဝန်းကျင်ရွာများကို လက်နက်ကြီးငယ် ရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံများ ဆက်လက်ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article