32 C
Yangon

ချောင်းဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း

Must read

ချောင်းဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့် ဆီများ လှူဒါန်း

ရန်ကုန်၊ မေ ၂၁

ချောင်းဦးမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာ ၃ ရွာမှ အိမ်ထောင်စု ၁၅၀ စုကို ယနေ့ မေလ ၂၁ ရက်နေ့တွင် တစ်အိမ်ထောင်လျှင် ဆန် ၆ ပြည်၊ ဆီ ၅ ပိဿာနှုန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုကို Myingyan Generation Z နှင့် မိတ်ဆွေများ (Korea)၊ Bagan Thar Family (Korea)၊ Hope For People ၊ Thaw T (Singapore)၊ ကျေးရွာတစ်ရွာမှ စေတနာရှင် ပြည်သူများနှင့် မြို့နယ် ပကဖ တို့က ပူးပေါင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် ပကဖ အနေဖြင့် မြို့နယ်၏ ကာကွယ်ရေးလုပ်ငန်းများသာမက စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ခြင်း၊ အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သောကျေးရွာများကို စွမ်းနိုင်သမျှကူညီစောင့်ရှောက်ခြင်းများကို အလှူရှင်များ ဒေသခံပြည်သူများနှင့်လက်တွဲ ဆောင်ရွက်လျှက်ရှိကြောင်း ချောင်းဦးမြို့နယ် ပကဖ ကထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article