27 C
Yangon

ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ KNU တပ်မဟာ ၅ နယ် မြေ တွင် စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

Must read

ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ KNU တပ်မဟာ ၅ နယ် မြေ တွင် စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း ABSDF စစ်ကြောင်း ၃ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၂၅ ရက် ညပိုင်းက အကြမ်းဖက်စစ်သားများ အထိုင်ချတပ်စွဲထားပြီး ပျူစောထီး များ အဝင်အထွက်ပြုလုပ်နေသည့် တောင်ခင်ရမ်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက် ကြီးများဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး အရာရှိ တစ်ဦး ခြေ ထောက်ထိမှန် အပြင်းအထန်ဒဏ်ရာရရှိပြီး ဖြတ်တောက်လိုက်ရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ABSDF Column – 3 ၊ အမှတ် ၁၂ တပ်ရင်း၊ ယောဒေသစခန်းမှ ရဲဘော်များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပကဖများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

မေလ ၂၃ ရက်နေ့ KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော်ခရိုင်၊ လယ်မူပလောမြို့နယ်၊ ယိုဒိုခိုနှင့် ယူဂိုလော်ဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများကို KNLA တပ်က ပျောက် ကျားစစ်ဖြင့် ရှောင်တခင်ဝင်ရောက်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၄ ဉီးသေဆုံး သွားကြောင်း သိရှိရသည်။

ထို့အတူ မေလ ၂၃ ရက်နေ့ နံနက် ၀၈ နာရီ ၃ မိနစ် အချိန် မထောအခြေစိုက် စစ်ကောင်စီတပ်က မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုအတွင်းရှိကျေးရွာများပေါ်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့ရာ မထောကျေးရွာအုပ်စုအတွင်းရှိ ဃော်ကလားကျေးရွာအတွင်းသို့ လက်နက် ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ရာ စောဖါးဝီးပြ၊ အသက် ၅၃ နှစ်ကို ထိမှန်သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ABSDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article