33 C
Yangon

ငါန်းဇွန်တွင် စစ်ကောင်စီခန့် ​ကျေးရွာအုပ်ချုပ်​ရေးမှူး ၂ ဦး အရက်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ အင်္ဂပူမြို့နယ်တွင်လည်းအုန်းကုန်းရွာအုပ်ချုပ်ရေးမှူး ကျော်ဝင်း အသတ်ခံရ

Must read

ငါန်းဇွန်တွင် စစ်ကောင်စီခန့် ​ကျေးရွာအုပ်ချုပ်​ရေးမှူး ၂ ဦး အရက်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ အင်္ဂပူမြို့နယ်တွင်လည်းအုန်းကုန်းရွာအုပ်ချုပ်ရေးမှူး ကျော်ဝင်း အသတ်ခံရ

ရန်ကုန်၊ မေ ၂၄

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းကျေးရွာနှင့် ဇလှပ်မကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးကို အရက် ဆိုင်၌ တပြိုင်တည်းတွေ့၍ PDF က ဝင်ရောက်ပစ်ခတ်ရာ ၂ ဦးစလုံး သေဆုံးသွားကြောင်း TGYR – Youth Guerilla Counter Revolution (LPDF) အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၂၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ငါန်းဇွန်မြို့နယ်၊ သန့်ဇင်ကုန်းကျေးရွာ အကြမ်းဖက် ဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး သန်းဇော်လင်းနှင့် ဇလှပ်မကျေးရွာအုပ်ချုပ်ရေးမှူး ဦး တို့သည် ရွာနှစ် ရွာကြားရှိ အရက်ဆိုင်၌ အတူတူထိုင်ကာ အရက်သောက်နေစဉ် ပြည်သူ့ကာကွယ်ရေးပြောက်ကျား တပ် ဖွဲ့ဝင်များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဦးစလုံး နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

“သေနတ်နဲ့ ၆ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာ၊ ခါတိုင်းက ရွာ ၃ ရွာအုပ်ကြီးတွေ စုနေကြတယ်၊ ၁၂ ယောက် ၁၃ ယောက် အမြဲတမ်းရှိတယ်၊ အခုက အနည်းဆုံးအချိန်၊ အခုက ၂ ရွာပဲတွေ့ခဲ့တာ၊ သူတို့ကို စစ်တပ်က ဗုံးသီးတွေပေးထားတယ်၊ ရွာထဲမှာဆို ဓားကိုင်သောင်းကျန်းနေကြ တာ၊ အခုပစ်ခတ်ရှင်းလင်း တဲ့အချိန်မှာ ဓားမတိုတစ်ချောင်းတော့ သိမ်းဆည်းရခဲ့တယ်၊” ဟု TGYR – Youth Guerilla Counter Revolution (LPDF) အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အဆိုပါပစ်ခတ်ရှင်းလင်းမှုကို TGYR – Youth Guerilla Counter Revolution (LPDF) အထူးပြောက် ကျားတပ်ဖွဲ့၊ 925 ပြောက်ကျားတပ်ဖွဲ့နှင့် ဒေါင်းဖိုက်တာ တပ်ဖွဲ့တို့ ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် မဲဇလီကုန်းကျေးရွာအုပ်စု၊ အုံးကုန်းရွာအုပ်ချုပ်ရေးမှူး ကျော်ဝင်းမှာလည်း ယမန်နေ့ ည ၈ နာရီတွင် အသတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article