31 C
Yangon

ငါန်းဇွန်တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၂ ဦး သေဆုံး၊ ကညွတ်ကွင်း ခမရ ၃၄၉ တပ်ရင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

Must read

ငါန်းဇွန်တွင် စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၂ ဦး သေဆုံး၊ ကညွတ်ကွင်း ခမရ ၃၄၉ တပ်ရင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ မေ ၃၀

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို PDF တပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း မြစ်ငယ် PDF ၊ မန္တလေးခရိုင်တပ်ရင်း ၅ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၇ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ငါန်းဇွန်မြိုနယ် ကုန်းလည်ရွာမှ နတ်ကြီးသို့ လာသော အင်အား ၄၀ခန့်ပါသော စစ်ကား၃စီးကို တော်လှန်ရေးအင်အားစုများက ပွိင့် ၂ ပွိင့်တွင် ပဒေသာမိုင်း ၁၅ လုံးဆွဲပြီးတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်သား ၂ ဦးသေဆုံးပြီး တော်လှန်ရေးအင်အားစုများဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကို မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း MN PDF၊ ဇာမဏီပြောက်ကျားတပ်ဖွဲ (ငါန်းဇွန်)၊ ငါန်းဇွန်မြိုနယ် (ပ.က.ဖ)၊ Special Task Force (Nga Zun -PDF)၊ ဖက်ဒရယ် ညီကိုပြည်သူ့ကာကွယ်ရေးနှင့်ထုတ်လုပ်ရေးအဖွဲ

ပြည်သူ့အင်အားပြောက်ကျားတပ်ဖွဲ့၊ Myaung Ms PDF၊ ငန်းနက် ပြောက်ကျားတပ်ဖွဲ့ ၊ နောင်ရိုးအထူးပြောက်ကျားတပ်ဖွဲ နှင့် TGYR တိုမှပေါင်း၍တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြိုနယ်၊ ကညွတ်ကွင်းမြို့အရှေ့ဘက်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၃၉ တပ်ရင်းကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးသေဆုံး ခဲ့ကြောင်း Bago Region PDF တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ မေလ ၂၉ ရက် ညနေ ၄ နာရီခန့်အချိန် စစ်တပ် ခမရ ၄၃၉ တပ်ရင်းကို ဖြူးမြို့နယ် ပကဖ ဗိုလ်ကျားကြီးဦးဆောင်သောအဖွဲ့က ၄၀ မမ ဗုံးသီး (၉)လုံး၊ ချေမှုန်းရေးရိုင်ဖယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- PDF တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article