34 C
Yangon

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ရဲစခန်း ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ရဲစခန်း ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၁

စစ်ကိုင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လှည့်ပတ် မီးရှို့ လူသတ်နေသောကြောင့် ညောင်ပင်ဝန်းရဲစခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၁ ရက် နံနက် ၈ နာရီခွဲခန့်က အကြမ်းဖက်စစ်သားများ တပ်စွဲထားသည့် ညောင်ပင်ဝန်း ရဲစခန်းကို ၆၀ မမဖြင့် ၃ လုံး၊ ၈၀ မမဖြင့် ၃ လုံးသွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား များ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“မနေ့ကတည်းက ရွာမ ရွာကို စစ်ခွေးတွေက ဝင်နေတာ၊ ဒီနေ့မနက် ၆ နာရီလောက်မှာ လယ်ကြီး ရွာနဲ့ ရွာမရွာကြားမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်၊ မဟာမိတ်တွေက အကူအညီတောင်းလို့ ညောင်ပင်ဝန်း ရဲစခန်းကို လက်နက်ကြီးနဲ့ သွားထုခဲ့တာ၊ ခွေးခြံဘက်ကတော့ ပြန်ပစ်တာမျိုးမရှိပါဘူး” ဟု တိုက်နယ် စွန် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဧပြီလ ၃၀ ရက် နံနက် ၆ နာရီခွဲခန့်မှ ၈ နာရီကြားတွင် အကြမ်းဖက်စစ်တပ်က လယ်ကြီးရွာ နှင့် သုံးလင့်ရွာကို နှစ်ဖက်ညှပ်ပိတ်ကာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ပြည်သူ ၇ ဦးကို ပစ်ခတ်သတ် ဖြတ်သွားကြောင်း၊ ယင်းစစ်ကြောင်းမှာ ရွာမကျေးရွာ၌ ညအိပ်ပြီး ယနေ့ နံနက် ၆ နာရီခန့်တွင် စစ် ကြောင်းထွက်လာခဲ့ရာ လယ်ကြီးရွာနှင့် ရွာမရွာ အကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အပြန်အ လှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က တအိမ်ထဲရွာအတွင်းသို့ ဝင်ရောက်မီးရှို့ခဲ့ပြီး စက်လက်များဖြင့်လည်း ရမ်းကား ပစ်ခတ်ခဲ့ကြောင်း၊ ၎င်းတအိမ်ထဲရွာကို မီးရှို့ပြီးနောက် မောင်းထောင်ရွာသို့ ဝင်ရောက်ကာ ယခုအခါ တဲကြီးရွာ၊ လက်ပံသာကျေးရွာဘက်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း တိုက်နယ်စွန် PDF ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article