32 C
Yangon

စစ်ကောင်စီကို ထိရောက်စွာ ပိတ်ဆို့ အရေးယူရေး G 7 နိုင်ငံခေါင်းဆောင်များထံသို့ မြန်မာပြည်သူများ စာပေးပို့မည်ဖြစ်ပြီး စာတွင် ပါဝင် လက်မှတ်ရေးထိုးကြရန် ဖိတ်ခေါ်

Must read

စစ်ကောင်စီကို ထိရောက်စွာ ပိတ်ဆို့ အရေးယူရေး G 7 နိုင်ငံခေါင်းဆောင်များထံသို့ မြန်မာပြည်သူများ စာပေးပို့မည်ဖြစ်ပြီး စာတွင် ပါဝင် လက်မှတ်ရေးထိုးကြရန် ဖိတ်ခေါ်

ရန်ကုန်၊ မေ ၁၂

စစ်ကောင်စီကို ထိရောက်စွာ ပိတ်ဆို့ အရေးယူရေး G 7 နိုင်ငံခေါင်းဆောင်များထံသို့ မြန်မာပြည်သူများ စာပေးပို့မည်ဖြစ်ပြီး စာတွင် ပြည်သူများ ပါဝင် လက်မှတ်ရေးထိုးကြရန်Blood Money Campaign MM က ဖိတ်ခေါ်လိုက်သည်။

လာမည့် မေလ ၁၉ ရက်နေ့မှ ၂၁ ရက်အထိ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ကျင်းပပြုလုပ်မည့် G7 နိုင်ငံများ အစည်း အဝေးသို့ မြန်မာနိုင်ငံသားများ၏ အသံများကို ကိုယ်စားပြုသည့် တောင်းဆိုချက်များ ပါဝင်သည့် အိတ်ဖွင့် ပေးစာတစ်စောင်ကို ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါအိတ်ဖွင့်ပေးစာ ပေးပို့သည့် နေရာတွင် တော်လှန်ပြည်သူတစ်ဦးချင်းစီ၏ လက်မှတ်များနှင့်အတူ ပေးပို့သွားမည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် ပါဝင် လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်သည်။

မေလ ၁၂ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၂ နာရီ နောက်ဆုံးထား၍ ပြည်သူများ ပါဝင် လက်မှတ်ထိုးကြရန် လိုအပ်ပြီး https://actionnetwork.org/…/g7-leaders-take-strong… တွင် ပါဝင် လက်မှတ်ရေးထိုးရမည်ဖြစ်ကြောင်း သိရှိရသည်။

G 7 နိုင်ငံခေါင်းဆောင်များထံပေးပို့မည့် စာမှာ အောက်ပါအတိုင်းဖြစ်သည်။

လေးစားရပါသော G7 အစိုးရများနှင့် နိုင်ငံခြားရေးဝန်ကြီးများခင်ဗျာ

ပထမဦးစွာ လူကြီးမင်းတို့နှင့် လူကြီးမင်းတို့၏ မိသားစုများအားလုံးသည် သာယာချမ်းမြေ့ဖွယ်ကောင်းသော အိမ်တွင် လုံခြုံအန္တရာယ်ကင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ဤစာအားရေးသားနေချိန်မှာပဲ အကြမ်းဖက်စစ်တပ်၏ မအောင်မြင်သော စစ်အာဏာသိမ်းရန်ကြိုးပမ်းမှုနှင့် အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများတိုးပွားလာသောကြောင့် ထောင်နှင့်ချီသော မြန်မာနိုင်ငံသားများ အိုးအိမ်များကိုစွန့်ခွာထွက်ပြေးနေရပါသည်။

ပြီးခဲ့သောလအတွင်း အကြမ်းဖက်စစ်တပ်မှ တိုက်ခိုက် သတ်ဖြတ်ခဲ့သော အသေအပျောက်အများဆုံးလေကြောင်းတိုက်ခိုက်မှု ပြယုဂ် တစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး ပဇီးကြီးကျေးရွာတွင် အမျိုးသမီး ၂၇ ဦးနှင့် ကလေးငယ် ၁၉ ဦးအပါအဝင် စုစုပေါင်း အရပ်သား ၁၆၅ ဦးသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများကို သုတ်သင်သတ်ဖြတ်ရန် စစ်သုံးရဟတ်ယာဉ်များထပ်မံစေလွှတ်ခဲ့ပါသည်။

• ၂၀၂၂ ခုနှစ် အောက်တိုဘာလ တွင် ကချင်ပြည်နယ်အနန့်ပါရွာရှိ တေးဂီတဖျော်ဖြေပွဲတစ်ခုသို့ လေကြောင်းမှ ဗုံးများကြဲချခဲ့သောကြောင့် အနည်းဆုံး အရပ်သား ၇၅ ဦးသေဆုံးခဲ့ပါသည်။ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် အသက်ရှင်သေးသော လူများအား ဆေးဝါးကုသခွင့်မပြုလုပ်နိုင်အောင် အကြမ်းဖက်စစ်တပ်မှ လမ်းများအား ပိတ်ဆို့ထားခဲ့ပါသည်။

• ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် စစ်ကိုင်းတိုင်းဒေသကြီး လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ခုအပေါ်သို့ အကြမ်းဖက်စစ်တပ်၏ ဟယ်လီကော်ပရာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသားကလေးငယ် ၇ ဦးအပါအဝင် လူ ၁၃ ဦးခန့်သေဆုံးခဲ့ပါသည်။

• ၂၀၂၃ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် ချင်းပြည်နယ် မြောက်ပိုင်းရှိ ကျောင်းတစ်ကျောင်းသို့ အကြမ်းဖက်စစ်တပ်မှ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အနည်းဆုံး လူ ၉ ဦးခန့် သေဆုံးခဲ့ပါသည်။

• ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ရုံးတစ်ရုံးအား အကြမ်းဖက်စစ်တပ်မှ ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ၆ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း အရပ်သားပြည်သူ ၁၆၅ ဦးသေဆုံးခဲ့ပါသည်။

• ၂၀၂၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ချင်းပြည်နယ်ရှိ ရွာတစ်ရွာသို့ အကြမ်းဖက်စစ်တပ်မှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သဖြင့် ၄ နှစ်အရွယ် ကလေး တစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့ပါသည်။

• ၂၀၂၃ ခုနှစ် ဧပြီလ ၂၇ ရက်နေ့တွင် ချင်းပြည်နယ် မြောက်ဖက်ရှိကျေးရွာတစ်ရွာ၏ အလယ်တည့်တည့်သို့ အကြမ်းဖက်စစ်တပ်မှ ဗုံးကြဲခဲ့သော လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦးအပါအဝင် လူ ၇ ဦးဒဏ်ရာရရှိခဲ့ပါသည်။

ဤအချက်အလက်များသည် အကြမ်းဖက်စစ်တပ်မှ နိုင်ငံတကာအသိုင်းအဝိုင်း၏ ကိုယ်ချင်းစာသော ရှုတ်ချဝေဖန်နေသည့် စကားများအား လျစ်လျူရှု၍ ဆက်လက်ကျူးလွန်နေသော ရက်စက်ကြမ်းကြုတ်မှုအချို့ကို ဖော်ပြသော ကိန်းဂဏန်းအချို့သာဖြစ်ပါသည်။

အကြမ်းဖက်စစ်တပ် စစ်အာဏာသိမ်းရန် စတင်ကြိုးစားခဲ့သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အထိ အကြမ်းဖက်စစ်တပ်အနေဖြင့် တိုက်ခိုက်ခဲ့သော လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက်မှာ အကြိမ် ၆၀၀ ကျော်ခန့်ရှိပြီဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ တိုက်ခိုက်သတ်ဖြတ်မှု များတိုးပွားလာခဲ့ပါသည်။ ပြီးခဲ့သော တစ်လအတွင်းမှာပင် အရပ်သားပြည်သူ ၂၁၀ ဦးသေဆုံးခဲ့ပါသည်။

ထို့အပြင် အာဏာသိမ်းရန် ကြိုးစားသော ၂ နှစ်တာကာလ ကျော်လွန်ချိန်တွင် အကြမ်းဖက်စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့သော အိုးအိမ်အရေအတွက်မှာ ၆၀၄၅၉ လုံးရှိပြီဖြစ်ပါသည်။ အကြမ်းဖက်စစ်တပ်အနေဖြင့် အရပ်သားပြည်သူများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများမရှိတော့ပါက ၎င်းထိန်းချုပ်ထားလျက်ရှိသော နယ်မြေများကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်တော့မည်မဟုတ်ပါ။

အကြမ်းဖက်စစ်တပ်သည် လေယာဉ်ဆီများနှင့် စစ်လက်နက်များဝယ်ယူရန် ဒေါ်လာငွေရရှိနိုင်သည့် လမ်းကြောင်းများရှိနေသမျှ ကာလပတ်လုံးတွင် အရပ်သားများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေနိုင်ဦးမည်ဖြစ်ပါသည်။

ဤဒေါ်လာငွေများရရှိရန် အကြမ်းဖက်စစ်တပ်သည် မြန်မာ့ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် နိုင်ငံခြားမှ ရရှိသော ဒေါ်လာငွေများအား လွှဲပြောင်းမှု ပြုလုပ်ပေးသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) အပေါ် အလွန်ပင်အမှီအခို ပြုနေရပါသည်။

အကြမ်းဖက်စစ်တပ်သည် လူကြီးမင်းနှင့် လူကြီးမင်းတို့၏ မဟာမိတ်များပိုင်ဆိုင်သော ဘဏ်များအတွင်း ဒေါ်လာငွေများကို ထားရှိ၍ လူကြီးမင်းတို့၏ ငွေကြေးကို အသုံးပြုကာ ရှင်သန်ရပ်တည်နေခြင်းဖြစ်ပါသည်။ ထို့ကြောင့် အကြမ်းဖက်စစ်တပ်အနေဖြင့် ရုရှား၊ တရုတ်နှင့် အိန္ဒိယကဲ့သို့သော နိုင်ငံများမှ စစ်သုံး လေယာဉ်များ၊ ရဟက်ယာဉ်များနှင့် စစ်လက်နက်ပစ္စည်းများအား ဆက်လက်ဝယ်ယူနေနိုင်ခြင်းသည် လူကြီးမင်းတို့ခွင့်ပြုပေးထားခြင်းကြောင့်ဖြစ်ပါသည်။

ဒေသတွင်း အင်အားကြီးနိုင်ငံများသည် အာဆီယံနှင့် အလုပ်မဖြစ်ဘဲ သေဆုံးနေသော အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်အား အားရှောင်ကွင်းခဲ့ပါသည်။ G7 အနေဖြင့် ယူကရိန်းနိုင်ငံ၏ အကြပ်အတည်းအတွက် တုံ့ပြန်ကူညီဲခ့သောအကူအညီနှင့် ရည်မှန်းချက်များ၏ တစ်စိတ်တစ်ပိုင်းခန့်သာ ကျွန်ုပ်တို့အားတုံ့ပြန်ပေးရမည့်အစား ဗလာသက်သက် ဖြစ်သော သဘောထားထုတ်ပြန်ကြေညာချက်များဖြင့်သာ ဆက်လက်ပြုလုပ်နေခဲ့သည်။

G7 အနေဖြင့် မြန်မာပြည်သူများအတွက် ပိုမို တုံ့ပြန်လုပ်ဆောင်ပေးရန် ကလေးငယ်ငယ် အလောင်းများဘယ်လောက်တောင်လိုအပ်ပါသလဲ။ ကျွန်ုပ်တို့အနေဖြင့် G7 အစိုးရများအား အောက်ပါအချက်များကို တောင်းဆိုလိုက်ပါသည်။

• အကြမ်းဖက်စစ်တပ်အား မြန်မာနိုင်ငံ၏ အစိုးရအဖြစ် တရားဝင်မှု မရရှိစေရန် သေချာစွာဆောင်ရွက်ရန်။

• မြန်မာပြည်သူများအား လေကြောင်းတိုက်ခိုက်မှုများဆက်လက် မလုပ်ဆောင်နိုင်တော့စေရန် မြန်မာ့ရေနံနှင့်

သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) အပါအဝင် အကြမ်းဖက်စစ်တပ်ထံ စီးဝင်နေသော ဝင်ငွေရရှိရေးလမ်းကြောင်းများအားပစ်မှတ်ထား၍ ပိတ်ဆို့အရေးယူမှုများပြုလုပ် ပြဋ္ဌာန်းပေးရန်။

• အကြမ်းဖက်စစ်တပ်၏ လေယာဉ်ဆီများရရှိနေမှုအပေါ် ပစ်မှတ်ထား၍ အရေးယူပိတ်ဆို့မှုများ ပြုလုပ် ပြဋ္ဌာန်းပေးရန်။

• အကြမ်းဖက်စစ်တပ်၏ အရပ်သားပြည်သူများအပေါ် လူမဆန်စွာ သတ်ဖြတ်နေခြင်းအား ရပ်တန့်ရန် ချက်ချင်း ဆောင်ရွက်ပါ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article