33 C
Yangon

စစ်ကောင်စီက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အကြိမ်ရေ ၁၅၀ ခန့်ရှိပြီး ပြည်သူ ၁၅၉၂ ဦးသေဆုံးခဲ့

Must read

စစ်ကောင်စီက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အကြိမ်ရေ ၁၅၀ ခန့်ရှိပြီး ပြည်သူ ၁၅၉၂ ဦးသေဆုံးခဲ့

ရန်ကုန်| မေ ၂၇

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဒီမိုကရေစီအစိုးရအား ဖြုတ်ချ၍ အာဏာသိမ်း ပြီး နောက် စစ်အုပ်စုနှင့် အပေါင်းအပါတို့က ကျူးလွန်ခဲ့သော လူဦး ၅ ဦးထက်မ နည်း တပြိုင်နက်တည်းသေဆုံးခဲ့သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ် စဉ် ပေါင်း အနည်းဆုံး ၁၄၇ ကြိမ်ရှိခဲ့ကြောင်း ဉာဏ်လမ်းသစ် သုတေသနအ ဖွဲ့မှ မေလ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။

အာဏာသိမ်းကာလ ၂ နှစ်ကျော်အတွင်း ပြည်သူများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ၁၅၉၂ ဦးသေဆုံးခဲ့ရသည်ဟု ဉာဏ်လင်းသစ်ကဆိုသည်။

ဆန္ဒပြပွဲများကို ဖြိုခွင်းစဉ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း၊ လေကြောင်း တိုက် ခိုက်မှုကြောင့် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း၊ လက်နက်ကြီးများ ဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းတို့တွင် ပြည်သူများအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။

ယင်းအပြင် တိုက်ပွဲဖြစ်ပွားစဉ်နှင့် နယ်မြေရှင်းလင်းရေးလုပ်ရာတွင် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် တံဆိပ်ကပ် သတ်ဖြတ် ခြင်း များတို့တွင်လည်း ပြည်သူများ သေဆုံးခဲ့ရသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံခဲ့ရသော မြို့နယ်များမှာ ဝက်လက်၊ ယင်းမာ ပင်၊ ကလေး၊ ကန့်ဘလူ၊ ဖားကန့်နှင့် ပဲခူးမြို့တိုဖြစ်ကြသည်။

မြန်မာစစ်တပ်သည် တပ်ဖြန့်ရန်နှင့် လေကြောင်းတိုက်ခိုက်ရန်အတွက် ရဟတ် ယာဉ်များကို အသုံးပြုပြီး ဗုံးကျဲခြင်းနှင့် ဂျက်ဖိုက်တာများဖြင့် တိုက်ခိုက်မှု ကြောင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၇ ကြိမ်ရှိခဲ့ကာ ပြည်သူ ၅၀၈ ဦး သေဆုံးခဲ့ရကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ဆိုသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းမှာ လေကြောင်းမှ ဗုံးကြံခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ချမှုူကြောင့် ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ညနေက မန္တလေးတိုင်းဒေသ နွားထိုး ကြီးမြို့မှ အရပ်သား ၃ ဦး၊ မြို့အရှေ့ဘက် ၁ မိုင်ခန့်အကွာရှိ ထန်းဂွရွာမှ အရပ် သား ၂ ဦးတို့ကို မြန်မာစစ်တပ်က ဖမ်းဆီးခဲ့သည်။

နောက်နေ့ နွားထိုးကြီးမြို့အနောက်ဘက်တွင် ဇရပ်တစ်ခုအနီး ရုပ်အလောင်း တစ်လောင်းနှင့် ထန်းဂွရွာလမ်းဆုံတွင် ရုပ်အလောင်း လေးလောင်းတွေ့ခဲ့ ရသည်။

အချို့အလောင်းများမှာ ခေါင်းဖြတ်ခံထားရပြီး လှီးဖြတ်ဒဏ်ရာများကို တွေ့ရပြီး လည်ပင်းတွင် ကျောက်ပန်းတောင်းသွေးသောက်အဖွဲ့ဟူသော ကတ်ပြားများ ချိတ် ဆွဲထားကာ ဒေသခံများက စစ်ကောင်စီအဖွဲ့က ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ပုံစာ- စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ ပြည်သူများကို စစ်တပ်က အစု လိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သဖြင့် အလောင်းများကို PDF များ ပြန်လည် ကောက်ယူလာစဉ်။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article