28 C
Yangon

စစ်တပ်ထောက်ခံသူ ၅၀၀၀ စားများ စုဆောင်းပေးခဲ့သူ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီးဟောင်း ၊ ကြံ့ဖွတ် ခင်ရီ၏ အမာခံ အောင်သန်းဦး အင်းစိန်ထောင်တွင် ၅ ရက်ဖျားပြီး သေဆုံး

Must read

စစ်တပ်ထောက်ခံသူ ၅၀၀၀ စားများ စုဆောင်းပေးခဲ့သူ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီးဟောင်း ၊ ကြံ့ဖွတ် ခင်ရီ၏ အမာခံ အောင်သန်းဦး အင်းစိန်ထောင်တွင် ၅ ရက်ဖျားပြီး သေဆုံး

ရန်ကုန်၊ မေ ၃

NLD အစိုးရလက်ထက်တွင် စစ်တပ်ထောက်ခံသော ၅၀၀၀ စား လူဆိုး၊ လူမိုက်များကို စုဆောင်းပေးခဲ့သူ ရန်ကုန် တိုင်း စီးပွားရေးဝန်ကြီးဟောင်း အောင်သန်းဦးသည် ယနေ့ အင်းစိန်ထောင်တွင် အဖျားရောဂါဖြင့် သေဆုံးသွားကြောင်း ဆန်ကုန်သည်အသိုင်းအ၀ိုင်း သတင်းရင်းမြစ်က ပြောသည်။

NLD အစိုးရ လက်ထက်တွင် ပြုလုပ်သည့် စစ်တပ်ထောက်ခံပွဲများတွင် အမာခံထောက်ခံသူများ ရန်ကုန်တိုင်း တစ်တိုင်းလုံး လှည့် လည် စုဆောင်းပေးခဲ့သည့် ဆန်ကုန်သည် အောင်သန်းဦးသည် စစ်ကောင်စီတက်လာချိန်တွင် ရန်ကုန်တိုင်း၊ စီးပွားရေးဝန်ကြီး ဖြစ်လာခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် နိုင်ငံပိုင် မြေကွက် အရောင်းအဝယ်တွင် အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် ၂၀ ချခံခဲ့ရကြောင်း၊ ယင်းနောက် အကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေစဉ် အဖျားရောဂါဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

“ငါးထောင်စားတို့ရဲ့ ခေါင်းကိုင်ဖခင်ကြီး၊ စကစ ၏ အမာခံ ၅၀၀၀ စားလူစုပေးသူ၊ ဒလမြို့မှာ လက်ညှိုးမလွဲ လယ်မြေများမတရားသိမ်းယူခဲ့သူ၊ အရင် ရန်ကုန်တိုင်းအစိုးရ စီးပွားရေးဝန်ကြီးဟောင်း ၊ ဆန်စပါးကုန်စည်ဒိုင်ဥက္ကဌ ‌အောင်သန်းဦး ဒီနေ့ မနက် အင်းစိန်ထောင်မှာ ဆုံးပါတယ်။ အင်းစိန်ထောင်တွင်း အဖျား ၅ ရက်တာ မချိမဆန့်ခံစားရပြီး သေသွားတာပါ။ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်ကတော့ အားလုံးက ဝမ်းသာနေကြတယ်” ဟု ဆန်ကုန်သည်အသိုင်းအ၀ိုင်း သတင်းရင်းမြစ်က ပြောသည်။

အောင်သန်းဦးသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း လှစိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဟောင်း စိုးစိုးဇော်တို့နှင့်အတူ အဖမ်းခံရခြင်းဖြစ်ပြီး ထောင်ဒဏ် ၂၀ နှစ် အချခံခဲ့ရခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဟောင်း အောင်သန်းဦးသည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က တိုင်းဒေသကြီးအစိုးရ အစည်းအဝေးဆုံးဖြတ်ချက်အရ မြေလွတ်၊ မြေရိုင်း လုပ်ကိုင်ခွင့်ရရှိသူ (၈)ဦး၊ အစိုးရပိုင် မြေများဝယ်ယူခွင့် ရရှိသူ (၃)ဦး၊ အခြားနည်း အသုံးပြုခွင့်ရရှိသူ တစ်ဦးတို့ထံမှ လူမှုပတ်ဝန်းကျင် အကျိုးပြုလုပ်ငန်း စဉ် (Cooperate Social Responsibility – CSR) အတွက် စုစုပေါင်း ငွေကျပ် သိန်း ၉၅၀၀ ကျော် ကောက်ခံရယူပြီး ငွေများကို မြန်မာ့ရှေ့ဆောင်ဘဏ်(MAB)တွင် ၎င်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းနှစ်ခုသို့ ထည့်သွင်းခဲ့သည်ဟုဆိုကာ စစ်ကောင်စီက အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အောင်သန်းဦးသည် ကြံ့ဖွတ်အမာခံ အမတ်လောင်းတစ်ဦးဖြစ်ပြီး လက်ရှိ ကြံ့ဖွတ် ဥက္ကဋ္ဌ ခင်ရီ၏ လက်ရုံးတစ်ဦးလည်းဖြစ်သည်။

- Advertisement -spot_img

More articles

1 COMMENT

  1. မဂ်လာပါရန်ကုန်ခေတ်သစ်မီဒီယာ 🚩🚩🚩

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article