29 C
Yangon

စစ်တပ်အမာခံ၊ မဘသနှင့်အမျိုးသားရေး အစွန်းရောက် MNO ဥက္ကဋ္ဌ တင့်လွင် ပစ်ခတ်ခံရပြီး သေဆုံး၊ ပထမအကြိမ် ပစ်ခတ်မှုတွင် မသေခဲ့ဘဲ ဒုတိယအကြိမ်ပစ်ခတ်မှုတွင် သေဆုံးသွား

Must read

စစ်တပ်အမာခံ၊ မဘသနှင့်အမျိုးသားရေး အစွန်းရောက် MNO ဥက္ကဋ္ဌ တင့်လွင် ပစ်ခတ်ခံရပြီး သေဆုံး၊ ပထမအကြိမ် ပစ်ခတ်မှုတွင် မသေခဲ့ဘဲ ဒုတိယအကြိမ်ပစ်ခတ်မှုတွင် သေဆုံးသွား

ရန်ကုန်၊ မေ ၂၆

စစ်တပ်အမာခံ၊ ဘာသာရေးနှင့် အမျိုးသားရေး အစွန်းရောက် ဖြစ်ပြီး Myanmar National Organization MNO ဥက္ကဋ္ဌ တင့်လွင်သည် ယနေ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း အမျိုးသားရေး လှုပ်ရှားသူအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ်(မြောက်ပိုင်း) မြိုနယ်၊(၄၈)ရပ်ကွက်၊ဗိုလ်မှူးဗထူးလမ်းနှင့်ဇေယျသိဒ္ဓိလမ်းထောင့်၊ ရွှေသုခလက်ဘက်ရည်ဆိုင်တွင် တင့်လွင် ထမင်းကြော် စားနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဦးခေါင်းထဲကို သေနတ်ဖောက်ဝင်ပြီး ဆုံးသွားတယ်။ မြောက်ဥက္ကလာမှာ အပစ်ခံရတာ ဒဏ်ရာရပြီး မြောက်ဒဂုံမှာ ရှောင်နေတုန်း ပစ်သတ်ခံရတာပါ” ဟု အမျိုးသားရေးလှုပ်ရှားသူအသိုင်းအ၀ိုင်းသတင်းရင်းမြစ်က ပြောသည်။

ယမန်နှစ် ဇူလိုင် ၁ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ခရပ်ကွက် မေယု ၄ လမ်းတွင် တင့်လွင် အပစ်ခတ်ခံခဲ့ရသော်လည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး သေဆုံးမှု မရှိခဲ့ကြောင်း၊ ယမန်နှစ်က တင့်လွင်သည် သာကေတတွင် နေထိုင်ရာမှ မြောက်ဥက္ကလာပတွင် ပုန်းရှောင် နေထိုင်ခဲ့ကြောင်း သိရှိရသည်။

တင့်လွင်သည် စစ်တပ်အမာခံဖြစ်ပြီး NLD အစိုးရလက်ထက်တွင် စစ်တပ်ထောက်ခံ MNO အမျိုးသားရေး အစွန်းရောက် လှုပ်ရှားသူအဖွဲ့ကို ဦးဆောင် တည်ထောင်ခဲ့ကြောင်း၊ ယင်းအဖွဲ့တည်ထောင်ပြီး ဘာသာရေး လူမျိုးရေး အဓိကရုဏ်းများဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း၊ တာမွေ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဦးဆောင် နှောင့်ယှက်ခြင်းများ လုပ်ဆောင်ခဲ့သူဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article