28 C
Yangon

ဆားလင်းကြီး၊ ထန်းတောရွာရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ဆားလင်းကြီး၊ ထန်းတောရွာရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းတောရွာရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ချင်းတွင်း မြစ်ကမ်းဘေး သပိတ် အဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၇ ရက်နေ့တွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှ တက်လာသည့် အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆားလင်းကြီး မြို့ပေါ်သို့ ရောက်ရှိပြီး တစ်ညအိပ်ကာ ယနေ့ မေလ ၈ ရက်နေ့တွင်နံနက် ၆ နာရီခန့်တွင် ဆားလင်းကြီးမြို့ပေါ်ကို စစ်ကြောင်း ၂ ကြောင်းခွဲကာ ထွက်ခွာပြီး ဝမ်ပေါင်သို့ဝင်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ဝမ်ပေါင်မှ တစ်ဆင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ပင်ကြီး ရဲစခန်းသို့ ဝင်ရောက် သွားပြီးနောက် မုံရွာဘက်သို့ ဇတ်ဖြင့် ကူးရန် ပြုလုပ်နေစဥ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီးစစ်သား ၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့​ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ထန်းတောရွာ ဇတ်ဆိပ်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားပြီး မုံရွာဘက်သို့ ကူးသွား​ကြောင်း သိရသည်။

” အင်အား ၁၀၀ ပါ စစ်ခွေးစစ်ကြောင်းက ထန်းတောရွာ ဇတ်ဆိပ်မှာရှိတဲ့ ပြည်သူပိုင် နေအိမ်တွေကို မီးရှို့ပြီး မုံရွာဘက်ကို ဇတ်နဲ့ကူးသွား​ပြီ” ဟု ချင်းတွင်း မြစ်ကမ်းဘေး သပိတ် အဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article