28 C
Yangon

ဆိုင်ကလုန်းမုန်တိုင်း မိုခါက လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့် ချင်း ပြည်နယ်သို့ ဆက်လက်ရွေ့လျား

Must read

ဆိုင်ကလုန်းမုန်တိုင်း မိုခါက လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၂၀ နှုန်းဖြင့် ချင်း ပြည်နယ်သို့ ဆက်လက်ရွေ့လျား

ရန်ကုန်၊ မေ ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ အရှိန်ပြင်းပြင်းဖြင့် ရိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း မိုခါက လေတိုက်နှုန်း ၁၂၀ နှုန်း ( 105 Knots) ဖြင့် ချင်းပြည်နယ်ဘက်သို့ ဆက်လက် ရွေ့လျားလျက်ရှိကြောင်း Joint Typhoon Warning Center က သတင်းထုတ်ပြန်သည်။

မေလ ၁၄ ရက်နေ့ စစ်တွေမြို့ကို ဖြတ်သန်းခဲ့ပြီးနောက် အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ”က မြောက်-အရှေ့ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ နောက် ၁၂ နာရီအတွင်း ချင်းပြည်နယ်၊ မကွေး တိုင်း (မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း(မြောက်ပိုင်း)တို့ကို ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” အနေဖြင့်လည်းကောင်း၊ နောက် (၂၄)နာရီအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့ကို မုန်တိုင်းငယ် အနေ ဖြင့်လည်းကောင်း ဆက်လက်ရွေ့လျားနိုင်ကြောင်း စစ်ကောင်စီက မိုးလေဝသဇဌာနက သတင်းထုတ်ပြန်သည်။

မိုးလေဝသနှင့်ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ သုတေသီ Sonia Leonard က မုန်တိုင်းဖြတ်သန်းမည့် ချင်းပြည်နယ်ဒေသများသို့ အရေးပေါ်သတိပေးချက်ထုတ်ပြန်လိုက်ပြီး ချင်းဒေသများသို့ မိုခါဆိုင်ကလုန်းမုန်တိုင်းသည် ယနေ့ညနေ ၄ နာရီ ၅ နာရီခန့်မှစ၍ ညပိုင်းရောက်သည်အထိ မုန်တိုင်းဖြတ်သန်း တိုက်ခတ်မှုကို တွေ့ကြုံရမည်ဖြစ်ကြောင်း ၊မင်းတပ်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်းဒေသများတွင် အားပြင်းသော လေတိုက်ခတ်မှု တစ်နာရီ မိုင် ၁၂၀ အထိ ဖြစ်ပေါ်နိုင်ကြောင်း၊ တောင်တန်းဒေသများတွင် မိုးသည်းထန်ပါက မြေပြိုင်နိုင်သည့် ဘေးအန္တရာယ်ရှိမြဲဖြစ်ကြောင်း ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article