38 C
Yangon

ညောင်လေးပင်မြို့နယ်တွင် စစ်တပ်၏ ရွှေကျင်ဗျူဟာစခန်းအတွက် ထောက်ပို့ လမ်းကြောင်း ရေကြည်ချောင်းတံတားကို မိုင်းခွဲ ရှင်းလင်း

Must read

ညောင်လေးပင်မြို့နယ်တွင် စစ်တပ်၏ ရွှေကျင်ဗျူဟာစခန်းအတွက် ထောက်ပို့ လမ်းကြောင်း ရေကြည်ချောင်းတံတားကို မိုင်းခွဲ ရှင်းလင်း

ရန်ကုန်၊ မေ ၂

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ စစ်တပ်၏ ရွှေကျင်ဗျူဟာစခန်းအတွက် ထောက်ပို့လမ်းကြောင်းပေါ်ရှိ ရေကြည် ချောင်းတံတားကို PDF တပ်များက မိုင်းခွဲရှင်းလင်းလိုက်ကြောင်း ညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဧပြီလ ၃၀ ရက်နေ့ ည ၁၂ နာရီအချိန်တွင် ညောင်လေးပင်မြိုနယ်အင်းဝိုင်းကျေးရွာ ညောင်လေးပင်-မဒေါက်လမ်းပေါ်မိုင်တိုင်၇-၂/၇-၃ အကြား အရှည် ၁၂၅ ပေ၊အကျယ် ၂၄ ရှိသော ရေကြည်ချောင်းတံတား တံတားအမှတ် ၁/၈ ကို မိုင်းခွဲ ရှင်းလင်းလိုက်ကြောင်း သိရှိရသည်။

” စစ်ကောင်စီအကြမ်းဖက်တပ်အနေနဲ့ စစ်တောင်းမြစ်အရှေ့ဖက်ရှိ ရွှေကျင်ဗျူဟာစခန်းနှင့် ဆက်သွယ်ရေး အဓိကဖြစ်တဲ့ ညောင်လေးပင်>မဒေါက် လမ်းပေါ်ရှိ ရေကြည်ချောင်းတံတားကို တော်လှန်ရေးပူးပေါင်းအင်အားစုများက ဖြတ်တောက်ရှင်းလင်းရေးဗျူဟာအရ ဧပြီလ ၃၀ ရက်နေ့ ည ၁၂ နာရီခန့်က မိုင်းခွဲဖျက်ဆီးလိုက်ပါပြီ” ဟု ညောင်လေးပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လက်ရှိတွင် စစ်တပ်က ယင်းတံတားပြင်ဆင်ရေးအတွက် စစ်ဆေးမှုများဆောင်ရွက်နေပြီး တံတားအနီးတွင် စစ်တပ်နှင့် ကင်းပုန်းများချထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article