31.9 C
Yangon

တကောင်းနယ်တွင် တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

တကောင်းနယ်တွင် တပ်စွဲထားသော စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ မေလ ၂၄

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်းရှိ မတောင် ကျေးရွာတွင် တပ်စွဲထား သော အကြမ်းဖက်စစ်သားကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက် ခဲ့ရာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တကောင်းပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ုကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မေလ ၂၂ ရက် နေ့ ညနေ ၄ နာရီခန့်အချိန် တကောင်းတိုက်နယ်၊ မတောင် ကျေးရွာ အတွင်းသို့ အင်အား ၈၅ ဦးဖြင့် ဝင်ရောက်တပ်စွဲထားသော အကြမ်း ဖက် စစ်သားများကို ဝေဟင်မှ ဒရုန်းဖြင့် ၅ ကြိမ်၊ ၆၀ မမ ဗုံးသီး ၅ လုံးကျဲချ တိုက် ခိုက်ခဲ့ရာ ၃ လုံးထိမှန်ပေါက်ကွဲပြီး အကြမ်းဖက်စစ်သားအများ အပြား ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုက ရှိတယ်၊ အတိအကျမသိရလို့ မထုတ်ပြန်တာပါ၊ မတောင် ရွာ မှ တပ်စွဲထားတဲ့ စစ် ခွေးတွေနဲ့ပဲ နောက်ရက်ကျတော့ ပေါ်တော်မူနားကို တက်လာတာ၊ ပေါ်တော်မူနားမှာ လက်နက်ကြီး ဆင်ထားတဲ့နားကို သွားပစ် တာ၊ နှစ်ယောက် တက်လာတာကို လက်နက်ငယ်နဲ့ပစ်တာ၊ တစ် ယောက် သေ တယ်၊တစ်ယောက်တော့ ဒဏ်ရာရတာပေါ့” ဟု တကောင်းပက ဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယင်းအကြမ်းဖက်စစ်သားများသည် ၄ မိုင်ကျေးရွာတွင် အထိုင်ချတပ်စွဲထားပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ ဒေသပြည်သူ အများ အပြား ထွက်ပြေးနေရပြီး ယမန်နေ့ နေ့လည် ၁ နာရီခန့် ကလည်း ညောင်ကုန်းရွာ ဟောင်း ကျေးရွာနှင့် ရွာဟောင်းကြား ကျရောက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article