26 C
Yangon

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gang ယနေ့ နေပြည် တော်သို့ ရောက်ရှိမည်

Must read

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gang ယနေ့ နေပြည် တော်သို့ ရောက်ရှိမည်

ရန်ကုန်၊ မေ ၂

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gang သည် ယနေ့ မေလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ၊ နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်ရုံးထံမှ သိရှိရသည်။

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gang ခရီးစဉ်အတွက် လုံခြုံရေးနှင့် ခရီးစဉ် ကြိုဆိုရေး အစီအစဉ်များကို စစ်ကောင်စီဘက်က အထူးဂရုပြု စီစဉ်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် ရာထူးစတင် ယူပြီးချိန်မှစ၍ နိုင်ငံခြားရေးဝန်ကြီး အသစ် ဖြစ်လာသော Qin Gang ၏ မြန်မာနိုင်ငံခရီးစဉ်သည် ၎င်း၏ ပထမဆုံးသော မြန်မာနိုင်ငံခရီးစဉ်ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံခြားရေးဝန်ကြီး Qin Gang သည် နေပြည်တော်မှ တစ်ဆင့် မေလ ၃ ရက်နေ့တွင် ပုဂံ-ညောင်ဦးသို့ သွား ရောက်မည်ဖြစ်ပြီး မေလ ၄ ရက်နေ့တွင် မြန်မာ နိုင်ငံမှ ထွက်ခွာကာ အိန္ဒိယနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံမလာရောက်မီ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Qin Gangသည် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နှင့် မေလ ၁ ရက်နေ့တွင် တွေ့ဆုံပြီး နိုင်ငံ တကာ အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားလိုက်နာသင့်ကြောင်း၊ အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ် ငန်း စဉ် ပြန်လည် စတင်သင့်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

တရုတ်နိုင်ငံသည် အခြားနိုင်ငံများထက် ပိုမိုရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်သောကြောင့် မြန်မာနိုင်ငံသည် တည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိရန် မျှော် လင့်ကြောင်း ၊ မြန်မာနိုင်ငံတွင် ကွဲပြားမှုများကို ပေါင်းစပ်နိုင်ရန် အားလုံးပါဝင်သော ဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံရေး အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို ပြန်လည်စတင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article