36 C
Yangon

တော်လှန်ရေးအရှိန် မြင့်လာပြီ ဖြစ်သောကြောင့် ပြည်သူများ လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆို

Must read

တော်လှန်ရေးအရှိန် မြင့်လာပြီ ဖြစ်သောကြောင့် ပြည်သူများ လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် ယာယီသမ္မတ ဒူဝါလရှီးလ ပြောဆို

ရန်ကုန်၊ မေ ၅

တော်လှန်ရေး စစ်ပွဲအရှိန် မြင့်လာပြီ ဖြစ်သောကြောင့် ပြည်သူများ လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် မေလ ၂ ရက်နေ့တွင် ကျရောက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းခြင်း ၂ နှစ် ပြည့် အထိမ်း အမှတ် မိန့်ခွန်းတွင် ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အရှိန်မြင့်တက်လာတော့ မယ့် ခုံခံတော်လှန်စစ်မှာ ပြည်သူပြည်သား အားလုံးဟာ လုံခြုံရေး သတိအပြည့်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ငွေအား ၊ လူအားများဖြင့် ထောက်ပံ့ လှူဒါန်းခြင်း၊ အကြံဉာဏ်နဲ့ သတင်းအချက်အလက်များ ပေးပို့ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း များပြု လုပ် သွားကြပါရန် တောင်းဆိုအပ်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

တစ်နိုင်ငံလုံးတွင် PDF တပ်ရင်းနှင့် စစ်ကြောင်း စုစုပေါင်း (၃၀၀) ကျော် ၊ ရပ်ရွာအခြေပြု ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) များကို မြို့နယ်ပေါင်း(၂၅၀)ကျော်ကို ဖွင့်စည်းထားပြီး မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် အတူပူးပေါင်းကာ ဗဟိုကွပ်ကဲရေးနှင့် ပေါင်းစပ် ညှိ နှိုင်းရေးကော်မတီ (Central Command and Coordination Committee – C3C) ၊ ပူးပေါင်းညှိနှိုင်းရေး ကော်မတီ (Joint Coordination Committee – J2C) တို့ကို စုဖွဲ့လုပ်ဆောင်လျက်ရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရထံမှ သိရသည်။

ထို့အပြင် ကိုယ်ပိုင်လက်နက်ခဲယမ်း ထုတ်လုပ်ခြင်းကဏ္ဍ သည်လည်း များစွာအောင်မြင် ပေါက်ရောက် နိုင် ခဲ့ပြီဖြစ်ပြီး အကြမ်းဖက်စစ်သားများကို ကောင်းစွာနှိုင်းယှဉ်နိုင်သည့်၊ ပွဲသိမ်းအဆင့် တိုက်ခိုက်နိုင် သည့် လက်နက်အင်အား အခြေအနေသို့ရောက်ရန်၊ လေကြောင်းရန်ကို တန်ပြန် တိုက်ခိုက်နိုင်ရန်၊ ခုခံ နိုင်ရန်အတွက် ဗျူဟာမြောက် လက်နက်ပစ္စည်းများ အလုံအလောက် ရရှိနိုင်ရန်လည်း ဆက်လက်ကြိုး ပမ်းလျက်ရှိကြောင်း NUG အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာပြည်သူလူထုပိုင် အချုပ်အခြာအာဏာကို စောင့်ရှောက်ရန် PDF တပ်မတော်ဖွဲ့စည်းထားပြီး ဖြစ်သဖြင့် အချုပ်အခြာအာဏာကို ကိုယ်စားပြုသော NUG အစိုးရကို အသိအမှတ်ပြု ဆက်ဆံရန် နိုင်ငံတကာကို တရားဝင် သတိပေးကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ယင်းမိန့်ခွန်းတွင် ထည့်သွင်းတောင်း ဆိုထားသည်။

အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း သေဆုံးသူ အကြမ်းဖက်စစ်သား ၃သောင်းခန့် ထိခိုက်သေဆုံးခဲ့ပြီး (၁) သောင်းကျော် ထိခိုက်ဒဏ်ရာ ရရှိ စေခဲ့ကြောင်း၊ စစ်အာဏာသိမ်းမှုကို လက်မခံသည့် တပ်မတော်သားနှင့်ရဲ (၁၃,၀၀၀)ဦးကျော် ပြည် သူ့ ရင်ခွင်ခိုလှုံ ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article