29 C
Yangon

တံတားဦးမြို့၊ ထောက်ရစ်ရွာတွင် ပျူစောထီး ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

တံတားဦးမြို့၊ ထောက်ရစ်ရွာတွင် ပျူစောထီး ၅ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၂၇

မန္တလေးတိုင်း၊ တံတားဦးမြို့၊ ထောက်ရစ်ရွာတွင် ပျူစောထီး ၅ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း တံတားဦး ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၆ ရက်နေ့ ည ၉ နာရီခန့်တွင် တံတားဦးမြို့၊ ထောက်ရစ်ရွာရှိ ပျူစောထီး အဖွဲ့ဝင် ၅ ဦးဖြစ်သည့် စိုးနိုင် (ခ) ဘာဘူစိန်၊ ဆန်းမင်းကို၊ စောဝင်း၊ ဂျော်ကာနှင့် မင်းသိုက်တို့ကို ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

” ရွာထဲကို ဝင်ပစ်တာပါ။ ၅ ဦးလုံးသေတယ်။ ညပိုင်း ပစ်တာဆိုတော့ စစ်ခွေးတွေလည်း ပတ်ဝန်းကျင် အနီးမှာရှိလို့ အချိန်မီ ရှောင်တိမ်းလိုက်ရတယ်” ဟု တံတားဦး ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊ စစ်ကိုင်း ပကဖ နှင့် တံတားဦး ပကဖတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article