28 C
Yangon

ထန်းတပင်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ပြင်းထန်

Must read

ထန်းတပင်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ပြင်းထန်

ရန်ကုန်၊ မေ ၃

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့သော​ကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ ည ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ထန်းတပင်မြို့နယ်ရှိ ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနှင့် ကျွဲလမ်းကျေးရွာတို့ကို တိုက်လေယာဥ် ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ကျွဲလမ်းကျေးရွာနှင့် သရက်တန်းကျေးရွာမှ ပြည်သူ ၃ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် တိုကျွဲလမ်းကျေးရွာနှင့် သရက်တန်းကျေးရွာမှ အသက် ၃၀ အရွယ် ကိုရဲစိုးအောင်၊ အသက် ၂၂ နှစ်အရွယ် မစုလှိုင်အေးနှင့် အသက် ၃၀ နှစ်အရွယ် မလဲ့လဲ့ခိုင် တို့သေဆုံးခဲ့​ကြောင်း၊ ထို့ပြင် အသက် ၂၂ နှစ်အရွယ် မောင်ထွန်းဝင်း၊ အသက် ၅၅ နှစ်အရွယ် ဦးညွှန့်မောင်နှင့် အသက် ၁၂ နှစ်အရွယ် မပိုးအိသိမ့်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောသည်။

“ရွာသားတွေက အခုထိ ရှောင်နေရတယ်။ တော်တော်များများ ရွာထဲ ပြန်မဝင်တော့ ဘူး။ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ မိန်းကလေး ၁ ဦးက လေယာဥ်နဲ့ ဗုံးကျဲတာ ခေါင်းပါ ပြတ်သွားတယ်။ နောက်ဆုံးကြားရတဲ့ သတင်းအရ အမျိုး သမီး ၂ ဦးနဲ့ အမျိုးသား ၁ ဦးသေဆုံးတယ်။ ကျေးရွာ ၃ ရွာလုံးက နေအိမ်တွေ မီးလောင်ပျက်စီးတာရှိတယ်။ စစ်ခွေးတွေက လက်နက်ကြီးနဲ့ပါ ရွာထဲကို ပစ်ထည့်တာ” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

ယခုနောက်ဆုံး သိရှိရသော သတင်းအချက်အလက်များအရ စစ်တပ်က ၎င်းနယ်မြေစိုးမိုးမှုမရှိသော ဒေသများကို လေယာဉ်ဖြင့်ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ဗုံးကျဲမှုများကို အရှိန်အဟုန်မြှင့် တိုးမြှင့်လုပ်ဆောင်လာကြောင်း ဒေသပြည်သူများက ဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article