28 C
Yangon

ထားဝယ်တွင် အရပ်သား ပြည်သူ ကိုကျော်သူရ ကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်

Must read

ထားဝယ်တွင် အရပ်သား ပြည်သူ ကိုကျော်သူရ ကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်

ရန်ကုန်၊ မေ ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် အရပ်သား ပြည်သူ ကိုကျော်သူရ ကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်ကာ အလောင်းဖျောက်ဖျက်လိုက်ကြောင်း မိသားစုနှင့်နီးစပ်သူများက ပြောသည်။

မေလ ၁၅ ရက်နေ့ ထားဝယ်မြို့နယ်၊ ‌ဒေါင်းငူရပ်ကွက် နေထိုင်သူ ကိုကျော်သူရ ကို စစ်တပ်က ကိုကျော်သူရကို ထား ဝယ် မြို့လယ်ရှိ ဥတ္တားကြီးလမ်းဆုံအနီး ထွက်လာရန် ဖုန်းဆက် ထောက်ချောက်ဆင် ခေါ်ယူခဲ့ပြီး ယင်းနေရာသို့ ကိုကျော်သူရရောက်ရှိသောအခါ စစ်ကောင်စီတပ်သားများက ၀ိုင်းဝန်း ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

ယင်းနောက် မေလ ၂၀ ရက်နေ့ တွင် စစ်ကောင်စီခန့် ဒေါင်းငူ ရပ်ကွက် အုပ်ချုပ် ရေးမှူးက ကိုကျော်သူရ၏ မိဘများကို ကိုကျော်သူရ စစ်ကြောရေး တွင်သေဆုံးသွားပြီဟု အကြောင်းကြားလာကြောင်း၊ ကိုကျော်သူရ၏ အလောင်းကို မိသားစုက ရရှိခြင်းမရှိဘဲ ဖျောက်ဖျက်ခံလိုက်ရကြောင်း၊ မေလ ၁၇ ရက်နေ့တွင် ဒေါင်းငူရပ်ကွက်သား ၈ ဦးကို စစ်တပ်က ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“ရုပ်အလောင်း ဘယ်မှာ သဂြိုလ်လဲဆိုတာကို လိုက်စုံစမ်းတာ ဇဟာ သင်္ချိုင်း မှာ လိုက်စုံစမ်းတာမရှိဘူး။ မလာဘူးပဲသိရတယ်။ မိသားစုတွေ ကတော့ အလောင်းပြန်ရချင်တယ်။ ဖမ်းသွားကတည်းကမတွေ့ရတော့ဘူး” ဟု မိသားစုနှင့် နီးစပ်သူက ပြောသည်။

စစ်တပ်က စစ်ကြောရေးတွင် သတ်ဖြတ်ခဲ့သည့် ကိုကျော်သူရတွင် ဇနီးနှင့် ၁၅နှစ်အရွယ် သမီးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article