29 C
Yangon

ထိုင်းဒုရဲချုပ် Pol.Gen. Surachate Hakparn မြန်မာနိုင်ငံသို့ လာရောက်မည်၊ ထိုင်းစစ်အစိုးရက အာဏာ မလွှဲပြောင်း ခင်အထိ အကြမ်းဖက် စစ်ကောင်စီ နှင့်ပူးပေါင်းဆောင်ရွက်နေ

Must read

ထိုင်းဒုရဲချုပ် Pol.Gen. Surachate Hakparn မြန်မာနိုင်ငံသို့ လာရောက်မည်၊ ထိုင်းစစ်အစိုးရက အာဏာ မလွှဲပြောင်း ခင်အထိ အကြမ်းဖက် စစ်ကောင်စီ နှင့်ပူးပေါင်းဆောင်ရွက်နေ

ရန်ကုန်၊ မေ ၂၃

အကြမ်းဖက်စစ်ကောင်စီ၏ ဖိတ်ကြားချက်အရ ထိုင်းဒုတိယရဲချုပ် Pol.Gen. Surachate Hakparnသည် မြန်မာနိုင်ငံသို့ ၁ ရက်ကြာ လာရောက်မည် ဖြစ် ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ပြောသည်။

မေလ ၂၄ ရက်နေ့ ည ၇ နာရီတွင် မြန်မာနိုင်ငံရောက်ရှိမည်ဖြစ်ပြီး မေလ ၂၅ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အာဏာသိမ်းထိုင်းစစ်အစိုးရ ခေါင်း ဆောင် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် မေလအတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မဲနေရာ အနည်းငယ်သာရ၍ ရှုံးနိမ့်ခဲ့ပြီးနောက် အာဏာမစွန့်မီ အချိန်အထိ မြန်မာအကြမ်းဖက်စစ် ကောင် စီနှ င့် ဆက်လက်ပူးပေါင်းမှု အဖြစ် ထိုင်းဒုရဲချုပ်၏ ခရီးစဉ်ကို ရှုမြင်နိုင်သည်ဟု အကဲခတ်များက ပြောဆိုသည်။

ထိုင်းစစ်အစိုးရက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်တွင် မြန်မာစစ်ကောင်စီ အလို ကျ တက်ကြွလှုပ်ရှားသူများနှင့်လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင် သူများကို စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article