33 C
Yangon

ဒေါပုံရှိ ခရိုင်တရားရုံးနှင့် ငမိုးရိပ် တံတားအနီး ဗုံးတွေ့သည်ဟုဆိုကာ စစ်တပ်က ဖောက်ခွဲ၊ တရားရုံးထုတ်ခြင်းမရှိဘဲ မိသားစုများ တွေ့ခွင့်မရ

Must read

ဒေါပုံရှိ ခရိုင်တရားရုံးနှင့် ငမိုးရိပ် တံတားအနီး ဗုံးတွေ့သည်ဟုဆိုကာ စစ်တပ်က ဖောက်ခွဲ၊ တရားရုံးထုတ်ခြင်းမရှိဘဲ မိသားစုများ တွေ့ခွင့်မရ

ရန်ကုန်၊ မေ၂၄

ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ရှိ အရှေ့ပိုင်းခရိုင် တရားရုံးနှင့် ငမိုးရိပ် တံတားအနီးတွင် ဗုံးတွေ့သည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်က လာရောက် ဖောက်ခွဲသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့မေလ ၂၄ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတို့တွင် အကြမ်းဖက် စစ်တပ်က အရှေ့ပိုင်းခရိုင် တရားရုံးနှင့် ငမိုးရိပ် တံတားအနီးတွင် ဗုံးတွေ့သည်ဟုဆိုကာ လာရောက် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် တရားရုံးထုတ် လာရောက်စောင့်ဆိုင်းသူ မိသားစုဝင်များကို ၁၂ နာရီတွင် ရုံးဖွင့်မည်ဟု ပြောကြား၍ စောင့်ဆိုင်းခဲ့သော်လည်း ရုံးမဖွင့်ဘဲ အင်းစိန်သို့ အချုပ်ကားများ ပြန်မောင်းသွားကြောင်း သိရသည်။

“အရှေ့ပိုင်းခရိုင် တရားရုံးနဲ့ ငမိုးရိပ်တံတား နားမှာ ဗုံးတွေ တွေ့တယ် ဆိုပြီး အချုပ်ကားရော မိဘတွေလည်း ဝင်ခွင့်မပေးဘူးပါဘူး။ တံတားကိုလည်း နှစ်ဖက်လုံးကို ပိတ်ထားခဲ့တယ်။ ဗုံးကိုတော့ စစ်ခွေးတွေက တရားရုံး အပြင်ဘက်မှာ ဖောက်ခွဲလိုက်ပါတယ်။ အခု အချုပ်သားတွေ တင်လာတဲ့ ကားလည်း ရုံးမထုတ်ပေးတော့ပါဘူး။ အင်းစိန်ထောင်သို့ ပြန်သွားကြပါပြီ သင်္ဃန်းကျွန်း ခရိုင် ကားနဲ့ ဗိုလ်တထောင် ခရိုင် ကားတွေပါ အကျဥ်းသားတွေကို အင်းစိန်ထောင်သို့ ပြန်ပို့လိုက်ပါပြီ လုံခြုံရေးလည်း သူတို့ မပေးနိုင်တော့တာလည်း ပါတယ်” ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကားများဖြင့် ငမိုးရိပ်တံတားပေါ်တွင် ၃ ကြိမ် ထက်မနည်း လှည့်ပတ်မောင်းနှင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article