34 C
Yangon

ပုလောတွင် တိုက်ပွဲ ၄ နေရာ ဖြစ်ပွားပြီး အရပ်သား ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

Must read

ပုလောတွင် တိုက်ပွဲ ၄ နေရာ ဖြစ်ပွားပြီး အရပ်သား ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရ

ရန်ကုန်| မေ ၂၅

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်ရှိ နေရာ လေးခုတွင် စစ်ကောင်စီ တပ် နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲလေးကြိမ် ဖြစ်ပွားမှု ကြောင့် ခရီးသွား အရပ်သား ၂ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ ကြောင်း ဒေသခံများ က ပြောသည်။

မေလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ပုလောမြို့နယ် မန်ကျဉ်းကုန်း စစ်ကောင်စီ ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သွားရောက် တိုက် ခိုက်စဉ် မြိတ်မှ ထားဝယ်ဘက်သို့ တက်လာသော တနင်္သာရီရိုးမ ခရီးသည်ကား တစ်စီးသည် စစ်ကောင်စီဂိတ် အနီးတွင် ပိတ်မိရာတွင် ကျည်ထိမှန် သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ အမျိုးသမီး တစ်ဦးနှင့် နီးစပ်သူ တစ်ဦးက ” မန်ကျဉ်းကုန် တိုက် ပွဲမှာ ဖြစ်တယ်။ ခရီးသည်ကားပေါ်က အမျိုးသမီး တစ်ဦး ကျဉ်ထိမှန်ပြီး သေ ဆုံးတယ်။ ဒဏ်ရာရတယ်။ နောက်ပြီး ရွာထဲ လက်နက်ကြီးကျလို့ သေဆုံး ထိခိုက်တာတွေ ဖြစ်ခဲ့တယ်”ဟု ပြောသည်။

တနင်္သာရီရိုးမ ခရီးသည်လိုင်းကားတွင် လိုက်ပါလာသည့် အသက် ၂၆ နှစ် အရွယ် မမြတ်မိုးလတ်သည် ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ပြီး သေဆုံး ရုပ် အလောင်းအား လူမှုအထောက်အကူပြုအသင်း မြိတ်မြို့၊ တပ်ပြင်ရပ်ကွက်ရှိ နာရေးကူညီမှု အဆောက်အဦးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သေဆုံးသူ နောက်တစ်ယောက်မှာ မန်ကျဉ်းကုန်းကျေးရွာမှ သိရသော်လည်း ၎င်း၏ နာမည်နှင့် အသက် အား သီးခြားအတည်ပြု၍ မရရှိသေးပေ။

ဒေသခံများ၏ ပြောဆိုချက်အရ ယင်းပစ်ခတ်မှုသည့် စစ်ကောက်စီဘက်က ပစ် ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု ပြောဆိုထားသည်။

“ကျွန်တော်တို့ တိုက်ပွဲ ဖြစ်တဲ့ အချိန်မှာ စစ်တပ်ဂိတ်ရဲ့ အနီးဆုံးမှာ ခရီးသည် ကားတစ်စီးပိတ်မိနေတာကြောင့် ကနဦး ပစ်ခတ်မှု ရပ်နားခဲ့ပေမယ့် စစ်တပ်ဖက်ကတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်တာမျိုးတော့ ပြုလုပ်ခဲ့တာ ရှိတယ်”ဟု ပုလောအခြေစိုက် PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပုလောမြို့နယ်တွင် မေလ ၂၄ ရက်နေ့တွင် စစ်ကောင်စီ ဂိတ်စခန်း သုံးခုဖြစ်သည့် မန်ကျဉ်းကုန်းဂိတ်၊ ထမင်းမစားဂိတ်နှင့် ကျောက်စုဂိတ်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ တန်းမြင့် စစ်အခြေခံ သင်တန်းကျောင်းက ထွက်လာသည့် ယာဥ်တန်းကို နန်းပရုတ်ရွာတွင် PDF က မိုင်းဆွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက် ထိခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း ခန့်မှန်း ပြောထား သော်လည်း မြေပြင် အခြေအနေကိုမူ တိတိကျကျ မသိရှိရသေးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ပုလောမြို့နယ်သည် ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီက စစ်အုပ် ချုပ်ရေး ကြေညာခံထားရသည့် ဒေသလည်း ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article