37 C
Yangon

ပေါက်မြို့နယ်တွင် ဗကသ ကျောင်းသားများက ကျောင်းသားထု အစည်းအဝေး ခေါ်ယူပြီး မြို့နယ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်း

Must read

ပေါက်မြို့နယ်တွင် ဗကသ ကျောင်းသားများက ကျောင်းသားထု အစည်းအဝေး ခေါ်ယူပြီး မြို့နယ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်း

ရန်ကုန်၊ မေ ၂၄

ပေါက်မြို့နယ်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ကျောင်းသားထု အစည်းအဝေး ခေါ်ယူပြီး မြို့နယ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ပေါက်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းသား သမဂ္ဂများ (အကသများ)နှင့် အခြေခံပညာ ပြီးစီးထားသောကျောင်းသားများ ပါ၀င်သော မြို့နယ်လုံးဆိုင်ရာကျောင်းသားထု အစည်းအဝေးတရပ် ခေါ်ယူပြီး မြို့နယ် ကျောင်းသားများ သမဂ္ဂဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးကို ပထမပိုင်းနှင့် ဒုတိယပိုင်းဟူ၍ နှစ်ပိုင်းခွဲပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဗကသများအဖွဲ့ချုပ် ဥက္ကဌ ကိုအောင်ပြည့်စုံဖြိုးမှ အစည်းအဝေး အဖွင့် မိန့်ခွန်းကိုပြောကြားခဲ့ကြောင်း၊ ပေါက်မြို့နယ်ကျောင်းသားများသမဂ္ဂ – ဗကသ များအဖွဲ့ချုပ်ကို ဗဟိုစည်းရုံးရေးကော်မတီ(ပခုက္ကူဒေသ)မှ ရဲဘော်များက ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ မျက်မှောက် ပညာရေး စနစ် မျက်မှောက်ကာလကျောင်းသား လှုပ်ရှားမှု နည်းနာများနှင့် ကျောင်းသားဘ၀ လုံခြုံရေး ကိစ္စရပ်များ အပါအ၀င် ကိစ္စရပ် အတော်များများကို တက်ရောက်လာသော ကျောင်းသားများအားလုံး အကြိတ်အနယ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article