33 C
Yangon

ပဲခူးတိုင်း၊ ညောင်ပင်သာကျေးရွာမှ ပြည်သူ ၁၈ ဦးကို စစ်တပ် က အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်၊ သတ်ဖြတ်ခံရသူ ပြည်သူများ ၏နာမည်စာရင်းများ ရရှိ

Must read

ပဲခူးတိုင်း၊ ညောင်ပင်သာကျေးရွာမှ ပြည်သူ ၁၈ ဦးကို စစ်တပ် က အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်၊ သတ်ဖြတ်ခံရသူ ပြည်သူများ ၏နာမည်စာရင်းများ ရရှိ

ရန်ကုန်၊ မေ ၁၂

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ် အစပ် ညောင်ပင်သာကျေးရွာမှ ပြည်သူ ၁၈ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့​ကြောင်း ဒေသကာကွယ်ရေး PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ ညနေ ၅ နာရီခန့် အထိ ကျောက်ကြီးမြို့နယ်နှင့် ထန်းတပင်မြို့နယ် အစပ် ညောင်ပင်သာကျေးရွာ မြောက်ကမ်း အနီး အကြမ်းဖက် စစ်တပ်နှင့် KNU၊ PDF ပူးပေါင်းမဟာ မိတ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားသောကြောင့် ကျေးရွာနေ ပြည်သူ ၁၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

” အကြမ်းဖက် စစ်ခွေးတွေက အထိနာပြီး အပြစ်မဲ့ ပြည်သူ ၁၈ ဦး မီးရှို့ သတ်ဖြတ် သွားတယ်။ ထိတွေ့မှု တိုက်ပွဲတွေက အခုထိ ဖြစ်နေတုန်းပါ။ သေဆုံးသွားတဲ့ ရွာသူရွာသားတွေအတွက် ကျွန်တော်တို့ PDF မဟာ မိတ် တပ်ဖွဲ့က များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ အဲအတွက် ကျွန်တော်တို့ PDF ပူးပေါင်း မဟာမိတ် တပ်ဖွဲ့က အဆုံးအထိ တော်လှန်သွားမယ်လို့ပြောချင်တယ်” ဟု ဒေသကာကွယ်ရေး PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦးက ပြောဆိုသည်။

စစ်တပ်၏ မီးရှို့သတ်ဖြတ်မှုကြောင့် ကွယ်လွန်သွား‌ သော ပြည်သူများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁၊ အသက် ၆၈ နှစ်အရွယ် ဒေါ်ခင်ရီ

၂၊ အသက် ၃၅ နှစ်အရွယ် ဒေါ်သန်းသန်းဆွေ

၃၊အသက် ၁၀ နှစ်အရွယ် အာကလန်စိန်

၄။ အသက် ၇၀ နှစ်အရွယ် ဦးဝင်းမြိုင်

၅၊ အသက် ၄၀ နှစ်အရွယ် ဦးဇော်မိုးအောင်

၆၊ အသက် ၄၀ နှစ်အရွယ် ဒေါ်သူဇာ

၇၊ အသက် ၁၅ နှစ်အရွယ် အမည်မသိ

၈၊ အသက် ၇ နှစ်အရွယ် အမည်မသိ

၉၊ အသက် ၅၈ နှစ်အရွယ် ဒေါ်ချွတ်တိ

၁၀၊ အသက် ၅၃ နှစ်အရွယ် ဒေါ်တင်ဆန်း

၁၁၊ အသက် ၅၅ နှစ်အရွယ် ဒေါ်ခင်အုံး

၁၂၊ အသက် ၅၃ နှစ်အရွယ် ဒေါ်တင်အုံး

၁၃၊ အသက် ၂၈ နှစ်အရွယ် ဒေါ်သန်းဝေ

၁၄၊ အသက် ၅ နှစ်အရွယ် အမည်မသိ

၁၅၊ အသက် ၅၃ နှစ်အရွယ် ဦးတိုးတိုး

၁၆၊ အသက် ၁၈ နှစ်အရွယ် အမည်မသိ

၁၇၊ အသက် ၉ နှစ်အရွယ် အမည်မသိ

၁၈၊ အသက် ၅၅ နှစ်အရွယ် ဦးကျော်သိန်း တို့ဖြစ်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article