36 C
Yangon

ဘီးလင်းမြို့နယ်ရှိ စစ်စခန်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်၊ သထုံရှိ ၄၀၂ အမြှောက် တပ်ရင်းဂိတ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

Must read

ဘီးလင်းမြို့နယ်ရှိ စစ်စခန်းကို ဒရုန်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်၊ သထုံရှိ ၄၀၂ အမြှောက် တပ်ရင်းဂိတ်ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၂၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီအကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းဖြင့် ၂ ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ထံမှ သိရသည်။

ယနေ့ မေလ ၂၁ ရက် နံနက် ၉ နာရီ ၁၉ မိနစ်ခန့်က ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကိုလည်းကောင်း၊ ၉ နာရီ ၃၁ မိနစ်တွင် ဒရုန်းဖြင့် ဗုံးသီး ၃ လုံးကိုလည်းကောာင်း ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ထိုခိုက်သေဆုံးမှု စုံစမ်းလျက်ရှိကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ၊ KNU / KNLA ၊ PDF ၊ PPDF – KD ၊ TPDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီး နေသော အကြမ်းဖက်စစ်အာဏာရှင် စနစ် ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ကျိုက်ထိုးတော်လှန်ရေးအင်အားစုအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းရှည်ကျေးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၄၀၂ အမြှောက်တပ်ရင်းဂိတ်ကို ယနေ့ မေလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်ခန့်တွင် သထုံ ပကဖ အဖွဲ့က ၄၀ မမ AK ခွင်းဗုံး လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သထုံ ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ ပကဖ တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article