30 C
Yangon

ဘီးလင်းမြို့နယ်ရှိ စစ်တပ်၏ မဲပလီစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ဘီးလင်းမြို့နယ်ရှိ စစ်တပ်၏ မဲပလီစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ မေ ၁၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စကခ ၈ လက်အောက်ခံ မဲပလီစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း TPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့‌ မေလ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ စကခ ၈ လက်အောက်ခံ မဲပလီစခန်းကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ် စခန်း အတွင်းသို့ ထိမှန် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ဗုံးအားလုံး ကွဲပါတယ်၊ စခန်းအတွင်းကို တည့်တည့်မတ်မတ်ကျကွဲခဲ့ပါတယ်။ ခွေးသေထိခိုက်တာ တော့ ကနဦးသတင်းဖြစ်နေလို့ အတိအကျ မသိရသေးပါဘူး” ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်းအားစု – TPDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်းအားစု – TPDF ၊ KNU/ KNLA ၊ TPDF၊ PDF ၊ KRF ၊ PPDF-KD ၊ Ygn Eagle Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article