32 C
Yangon

ဘီးလင်းမြို့နယ်၊ ဒေါက်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ဆယ်ကျော်သက်အရွယ် ကလေး ၂ ဦး သေဆုံး

Must read

ဘီးလင်းမြို့နယ်၊ ဒေါက်ကျေးရွာတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ဆယ်ကျော်သက်အရွယ် ကလေး ၂ ဦး သေဆုံး

ရန်ကုန်၊ မေ ၂၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ကျေးရွာတွင် စစ်တပ် က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ဆယ်ကျော်သက်အရွယ် ကလေး ၂ ဦး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံ သို့ ပြောဆိုသည်။

မေလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၅၀ မိနစ်အချိန် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ကျေးရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ အသက် ၁၅ နှစ်အရွယ် မောင်ဆန်း၊ အသက် ၁၁ နှစ်ရွယ် မောင်မိုးထက်တို့ ကျည်ထိမှန်သေဆုံးသွားကြောင်း ဒေသပြည်သူများက ပြောသည်။

“စစ်တပ်ကို PDF တပ်တွေက ဒရုန်းနဲ့ ဗုံးသွားကျဲတယ်။ အဲဒါကို စစ်တပ်က မကျေနပ်တော့ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းထုတာ။ အဲဒါ ရွာမှာရှိနေတဲ့ ဆယ်ကျော်သက် ၂ ဦးထိခိုက်သေဆုံးပါတယ်။ စစ်တပ်က PDF ဘက်က လက်နက်ကြီးနဲ့ထုတယ်ဆိုပြီး သတင်းအမှားတွေ ထုတ်တယ်။ တကယ်က သူတို့ လက်နက်ကြီးနဲ့ ပစ်လို့ သေဆုံးတာပါ။ ကလေး ၂ ဦးကို သေဆုံးစေခဲ့တဲ့ စစ်တပ်ကပစ ထုတ်လက်နက်ကြီးကျည်တွေလည်းရထားပါတယ်” ဟု ကျေးရွာမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်အချိန် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စု အဝင်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းကို အမြောက်တပ် ၃၁၄ က လက်နက်ကြီး ၈၀ မမ ၂လုံးဖြင့် ပစ်ခတ်ရာ ရဟန်း၁ပါး၊ ကိုရင်၂ပါးနှင့် အလုပ်သမား ၁ ဦး၊ဘုန်းကြီးကျောင်းသား ၁ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“အခု စစ်ခွေးတွေက သူတို့ လာပစ်ရင် သူတို့ ဗုံးကျဲခံရရင် ပြည်သူကို ရမ်းသမ်းပစ်နေတာ။ ပြီးရင် ဟိုလူ့ကိုလွှဲချ ဒီလူ့ကို လွှဲချတွေ အရမ်းလုပ်လာတယ်” ဟု ဘီးလင်းနှင့်သထုံအစပ် မိကျောင်းအိုင် ကျေးရွာသားတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်၏ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသူ ဘီးလင်းမြို့နယ်၊ ဒေါက်ကျေးရွာမှ ကလေးငယ် ၂ ဦးနှင့် ရွှေရောင်ပြကျေးရွာမှ ဒဏ်ရာရရှိသူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article