29 C
Yangon

မကွေး၊ စစ်ကိုင်း အပါအဝင် တိုင်းဒေသကြီးတချို့ရှိ ရေနံမှော်နှင့် ရေနံချက်ဖို လုပ်ငန်းများကို PDF များက စိုးမိုးထား၍ စစ်ကောင်စီက လိုင်စင်ထုတ်ပေးမှုနှင့် လိုင်စင် သက်တမ်းတိုးမှုများ ရပ်ဆိုင်းကြောင်း ကြေညာ

Must read

မကွေး၊ စစ်ကိုင်း အပါအဝင် တိုင်းဒေသကြီးတချို့ရှိ ရေနံမှော်နှင့် ရေနံချက်ဖို လုပ်ငန်းများကို PDF များက စိုးမိုးထား၍ စစ်ကောင်စီက လိုင်စင်ထုတ်ပေးမှုနှင့် လိုင်စင် သက်တမ်းတိုးမှုများ ရပ်ဆိုင်းကြောင်း ကြေညာ

ရန်ကုန်၊ မေ ၁၁

မကွေး၊ စစ်ကိုင်း ၊ မန္တလေး၊ ပဲခူးနှင့် ဧရာ၀တီ တိုင်းတို့ရှိ ရေနံမှော်နှင့် ရေနံချက်ဖို လုပ်ငန်းများကို PDF များက စိုးမိုးထား၍ စစ်ကောင်စီက လိုင်စင်ထုတ်ပေးမှုနှင့် လိုင်စင် သက်တမ်းတိုးမှုများ ရပ်ဆိုင်းကြောင်း ကြေညာကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ မေလ ၄ ရက်နေ့ ကန့်သတ် ကြေညာချက်တွင် ဒေသန္တရ ရေနံချက်လုပ်ခြင်း လုပ်ငန်း လိုင်စင်၊ အသစ် ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ပေးခြင်းနှင့် သက်တမ်းရှိ လုပ်ငန်း လုပ်ကိုင်နေခြင်းတို့ကို မေလ ၂ ရက်နေ့စတင်၍ ဆိုင်းငံ့ထားရန် စွမ်းအင်ဝန်ကြီးဌာနက ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြထားသည်။

“မကွေး မြိုင်၊ ပေါက်နဲ့ စစ်ကိုင်းဘက်က ရေနံမြေတွေမှာ အခုက PDF တွေက စိုးမိုးထားတယ်။ ရေနံချက်လုပ်ငန်းတွေကနေ ဝင်ငွေတွေ ရနေတာတွေရှိတယ်။ အဲဒါတွေကို ရပ်တန့်ချင်လို့ ဒီလို မျိုး စစ်ကောင်စီက အမိန့်ထုတ်တယ်လို့ ထင်ပါတယ်။ ဒီလို ရပ်ခိုင်းလို့လည်း လုပ်ငန်းတွေ ရပ်သွားမှာမဟုတ်ဘူး။ ဥပမာဆိုရင် မြိုင်တို့ ပေါက်တို့မှာ ရှိတဲ့ ရေနံမှော်တွေဆိုရင် စစ်တပ်ရော ရဲရော မလာနိုင်တော့ဘူး။ ရောက်လည်း မရောက်တော့ဘူး။ နယ်မြေစိုးမိုးမှု သူတို့ မလုပ်နိုင်တော့ဘူး” ဟု မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နေပြည်တော်သတင်းရင်းမြစ်ကမူ လက်ယက် ရေနံတွင်းနှင့် ရေနံချက် လုပ်ငန်းအားလုံး ရပ်ဆိုင်းလိုက်သဖြင့် ဆီစျေးနှုန်းများ အဆမတန် မြင့်မားလာနိုင်ပြီး ရေနံမှော်လုပ်သားများ အလုပ်အကိုင်အခက်အခဲဖြစ်နိုင်သည်ဟုဆိုသည်။

“လက်ယက်တွင်း ရေနံလုပ်ငန်း၊ ရေနံ ချက်ဖိုအားလုံး ပိတ်သိမ်းဆိုင်းငံ့တဲ့အတွက် ဆီဈေးများ အဆမတန်စျေးတက်ပါမယ်။ ရေနံလုပ်သားအားလုံးဒုက္ခရောက်မယ်။ ဒေသတွင်း သုံးနေတဲ့ ရေနံ၊ စက်သုံးဆီ ရင်းမြစ်ကို ဖြတ်တောက်တဲ့ သဘောပါပဲ” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိသော ရေနံတွင်းနှင့် ရေနံချက် လုပ်ငန်းများမှ ရရှိသော စက်သုံးဆီများက တိုင်းဒေသကြီးတချို့ရှိ လုပ်ငန်းများ၊ ရွှေတူးဖော် ရေးလုပ်ငန်းများ အပါအဝင် ထုတ်လုပ်ရေးလုပ်ငန်းများ အတွက် အလွန်အရေးပါသော စက်သုံးဆီ ရင်းမြစ်ငယ်တစ်ခုဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article