31.9 C
Yangon

မတ္တရာတွင် နေအိမ်သို့ ခွင့်မရဘဲ ခိုးပြန်လာသည့် ယာဉ်ထိန်းရဲတပ်ကြပ်ကြီး အောင်ကျော်မျိုး ပစ်ခတ်ခံရပြီး သေဆုံး

Must read

မတ္တရာတွင် နေအိမ်သို့ ခွင့်မရဘဲ ခိုးပြန်လာသည့် ယာဉ်ထိန်းရဲတပ်ကြပ်ကြီး အောင်ကျော်မျိုး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ မေ ၂၈

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆယ်ပယ်ရွာတွင် ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး တစ်ဦးကို ပစ်ခတ်ရှင်းလင်း ခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ယမန်နေ့မေလ ၂၇ ရက်နေ့ ညနေ ၄ နာရီခန့်က မတ္တရာမြို့ပေါ်တွင် တာဝန် ကျ နေသော ယာဉ်ထိန်း တပ် ကြပ်ကြီး အောင်ကျော်မျိုးသည် ဆယ်ပယ် ကျေးရွာရှိ ဇနီးဖြစ်သူထံသို့ မော်တော်ယာဉ်ဖြင့် ခွင့်မရဘဲ ခိုးပြန်လာ စဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နေအိမ်အတွင်းသို့ သွားရောက်၍ သေနတ်ဖြင့် ၈ ချက်ပစ်ခတ် ခဲ့ရာမှ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

“မတ္တရာကနေ သူ့မိန်းမဆီ ခိုးပြီးပြန်လာတာ၊ အိမ်ထဲမှာ မိသားစုတွေလည်း အကုန်တွေ့တယ်၊ သေနတ် အတိုရှိတယ်သတင်းရပေမယ့် မတွေ့ခဲ့ဖူး၊ ဖုန်းတစ် လုံးပဲ သိမ်းဆည်းခဲ့တယ်၊ ကျန်တာ ဘာမှ မယူခဲ့ဘူး၊ မိသားစုတွေကိုလည်း ဘာမှ မလုပ်ခဲ့ပါဘူး၊ သူ့ဖုန်းထဲကနေ စစ်တပ်၊ ရဲနဲ့ပတ်သက်တဲ့မှတ်တမ်းတွေ၊ ဓာတ်ပုံ တွေ့ထားတယ်၊ “ ဟု ယူနီကွန်းပြောကျားတပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ပစ်ခတ်ခံရပြီး သေဆုံးသွားသော တပ်ကြပ်ကြီး အောင်ကျော်မျိုးအလောင်းကို အကြမ်းဖက်စစ်တပ်၊ လက်အောက်ခံ ရဲတပ်ဖွဲ့က ဖောကား ၂ စီးဖြင့် လာ ရောက် ပြီး အလောင်းကို သယ်ယူသွားကြောင်း၊ ကျေးရွာအတွင်း၌ အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ဖောက်ခြိမ်းခြောက်သွားသဖြင့် ကျေးရွာနေ ပြည်သူ များမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article