25 C
Yangon

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာ ၄၀၀ ဦးသေဆုံးသည်ဟု သတင်းရေးသားသော မီဒီယာများကို အရေးယူမည်ဟု အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်၊ ရိုဟင်ဂျာ ၁၁၇ ဦးသာ သေဆုံးဟု ဆို

Must read

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာ ၄၀၀ ဦးသေဆုံးသည်ဟု သတင်းရေးသားသော မီဒီယာများကို အရေးယူမည်ဟု အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်၊ ရိုဟင်ဂျာ ၁၁၇ ဦးသာ သေဆုံးဟု ဆို

ရန်ကုန်၊ မေ ၁၉

ရခိုင်ပြည်နယ်တွင် မေလ ၁၄ ရက်နေ့ တိုက်ခတ်ခဲ့သော မိုခါ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ရိုဟင်ဂျာ ၄၀၀ ဦး သေဆုံးသည်ဟု သတင်းရေးသား ဖော်ပြသော မီဒီယာများကို အရေးယူမည်ဟု အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်ထုတ်ပြန်သည်။

မေလ ၁၄ ရက်နေ့တွင် တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်သား ၄ ဦး၊ ရခိုင်တိုင်းရင်းသား ၁၈ ဦးနှင့် ရိုဟင်ဂျာ ၂၆ ဦး စုစုပေါင်း ၄၈ ဦးသေဆုံးကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်း၊ မေလ ၁၈ ရက်နေ့တွင် ထပ်မံရရှိသော သတင်းများအရ ရခိုင်တိုင်းရင်းသား ၆ ဦး၊ ရိုဟင်ဂျာ ၉၁ ဦး စုစုပေါင်း ၉၇ ဦး သေဆုံးမှု ထပ်မံ သတင်းရရှိကြောင်း၊ ထို့ကြောင့် မိုခါ မုန်တိုင်းကြောင့် စုစုပေါင်း သေဆုံးမှု ၁၄၅ ဦးသေဆုံးကြောင်း၊ သေဆုံးသူများတွင် ရိုဟင်ဂျာ ၁၁၇ ဦး ပါဝင်ကြောင်း စစ်ကောင်စီက ဆိုသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် စစ်တွေမြို့အပါအဝင် IDP ၁၇ ခုတွင်ရှိသည့် ရိုဟင်ဂျာ ၁၂၅၇၈၉ ဦး အနက်မှ ၆၃၃၀၂ ဦးကို ဘေးလွတ်ရော သို့ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း၊ သေဆုံးသူများမှာ စစ်ကောင်စီ၏ ပြောင်းရွှေ့မှုကို မလိုက်နာဘဲ နေအိမ်တွင် ကျန်ရှိသူများဖြစ်သည်ဟု စစ်တပ်က ထုတ်ပြန်သည်။

ထို့ကြောင့် ရိုဟင်ဂျာ ၄၀၀ ဦးသေဆုံးသည်ဟု သတင်းများ ထုတ်ဖော်ရေးသားသော မီဒီယာများကို ဥပဒေနှင့်အညီ အရေးယူမည်ဟု စစ်ကောင်စီဘက်က ခြိမ်းခြောက်ထုတ်ပြန်လာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့အပေါ် ထိုးနှက်သည်ဟု ယူဆသော သတင်းမီဒီယာများကို မကြာခဏဆိုသလို အရေးယူမည်ဟု ထုတ်ပြန်လေ့ရှိပြီး သတင်းသမားများကို ဖမ်းဆီးထောင်ချမှုများ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ-မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကွယ်လွန်ခဲ့ရသော ရိုဟင်ဂျာ တစ်ဦး၏ ဈာပန။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article