37 C
Yangon

မိုခါမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်တွင် နေအိမ်အားလုံးနီးပါး ထိခိုက်ပျက်စီးပြီး လူထိခိုက်မှု မရှိ

Must read

မိုခါမုန်တိုင်းကြောင့် မြောက်ဦးမြို့နယ်တွင် နေအိမ်အားလုံးနီးပါး ထိခိုက်ပျက်စီးပြီး လူထိခိုက်မှု မရှိ

ရန်ကုန်၊ မေ ၁၅

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် အိမ်များအားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း မြောက်ဦးမြို့နယ် သဘာဝဘေးအရေးပေါ်ကူညီကယ်ဆယ်ရေး ပရဟိသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၄ ရက် နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် ​မြောက်ဦးမြို့နယ်၊ အိမ်ခြေ ၂၆၀ ကျော်ရှိ ဘူးရွက်မညှိုးကျေးရွာနေအိမ် အလုံး ၂၀ ခန့်သာ အကောင်းအတိုင်းကျန်ရှိခဲ့သည် ဟုခန့်မှန်းရပြီး ပျက်စီးဆုံးရှုံးမှုအရေအတွက် အတိအကျ မသိရသေးကြောင်း၊ လူထိခိုက်မှုမရှိကြောင်း သိရသည်။

“လူထိခိုက်မှုမရှိပါဘူး၊ အမိုးလန်တာတွေရှိမယ်၊ သွပ်တွေကွာကျတာတွေအဲလိုမျိုးတွေ အိမ်တွေအတော် ထိခိုက်ပျက်စီးသွားတယ်၊ ရေကလည်းဝင်လာတယ်၊ လေကလည်းတိုက်တယ်ဆိုတော့” ဟု မြောက်ဦး မြို့နယ် သဘာဝဘေးအရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူက ရန်ကုန်ခေတ် သစ်သတင်း ဌာန ထံသို့ ပြောကြားသည်။

ဓာတ်ပုံ- မြောက်ဦးတွင် ပျက်စီးနေသည့် လူနေအိမ်နှင့်အဆောက်အအုံများ။

Photo-ခိုင်မင်းသျှင်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article