38 C
Yangon

မိုခါမုန်တိုင်း အရှိန်မြင့်လာပြီး မြန်မာပြည်သူ ၂ သန်းကျော်ထိခိုက်နိုင်၊ စစ်​တွေမြို့က မုန်တိုင်းဖြတ်ဖွယ်ရှိသည့် လမ်း​ကြောင်းတွင် ကျ​ရောက်​နေ

Must read

မိုခါမုန်တိုင်း အရှိန်မြင့်လာပြီး မြန်မာပြည်သူ ၂ သန်းကျော်ထိခိုက်နိုင်၊ စစ်​တွေမြို့က မုန်တိုင်းဖြတ်ဖွယ်ရှိသည့် လမ်း​ကြောင်းတွင် ကျ​ရောက်​နေ

ရန်ကုန်၊ မေ ၁၁

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ ဒီကနေ့မှာ ပိုမို အရှိန်ကောင်းလာတာကြောင့် အနီရောင်အဆင့် သတ်မှတ်လိုက်တယ်လို့ Global Disaster Alert and Coordination SYSTEM GDACS အရေးပေါ် ထုတ်ပြန်ထားပါတယ်။

အဆိုပါ မိုခါမုန်တိုင်းကြောင့်မြန်မာပြည်က လူ၂သန်းကျော်ထိခိုက်နိုက်တယ်လို့ဆိုပါတယ်။ မုန်တိုင်းကြောင့်ထိခိုက်နိုင်တဲ့လူဦးရေအများဆုံးက ရခိုင်ပြည်နယ်ဖြစ်ပြီး လူဦးရေကိုးသိန်းကျော်အထိခိုက်နိုင်တယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်က လူဦးရေ ၉၃၀,၀၀၀ ကျော်၊ မကွေးတိုင်းအတွင်း လူဦးရေ ၁၇၀,၀၀၀ နှင့် စစ်ကိုင်းတိုင်း လူဦးရေ ၄၄၀,၀၀၀ တို့ဟာ အန္တရယ်ရှိတဲ့ လေပြင်းတိုက်ခတ်မှု ခံရနိုင်တယ်လို့ GDACS က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

လက်ရှိ မုန်တိုင်းဖြတ်သန်းဖွယ်ရှိတဲ့ လမ်း​ကြောင်းက စစ်​တွေမြို့ကို ဖြတ်သန်းနိုင်ဖွယ်ရှိတဲ့ အ​ခြေ​အ​နေရှိ​နေတယ်လို့ မိုးဇလခန့်မှန်းချက်​တွေက ဆိုပါတယ်။

- Advertisement -spot_img

More articles

1 COMMENT

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article