37 C
Yangon

မိုခါ ဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူများကို အမေရိကန်ဒေါ်လာ ၂ သိန်း အမေရိကန်က ကနဦး ကူညီမည်ဖြစ်ပြီး မြေပြင်မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ

Must read

မိုခါ ဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူများကို အမေရိကန်ဒေါ်လာ ၂ သိန်း အမေရိကန်က ကနဦး ကူညီမည်ဖြစ်ပြီး မြေပြင်မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိ

ရန်ကုန်၊ မေ ၁၇

မြန်မာနိုင်ငံမှ မိုခါ ဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူများကို အမေရိကန်ဒေါ်လာ ၂ သိန်း အမေရိကန်ကူညီမည်ဖြစ်ပြီး မြေပြင်မဟာမိတ်အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန် အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

မေလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် ဝင်ရောက်တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုအမြောက်အများရှိပြီး မြန်မာပြည်သူများနှင့်အတူ အမေရိကန်က ပူဆွေးသောကရောက်ရကြောင်း၊ လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်ရေးအားထုတ်မှုများကို ပံ့ပိုးကူညီနိုင်ရန် အလျင်အမြန်ဆောင်ရွက်လျက်ရှိကြောင်း၊ လတ်တလော ကယ်ဆယ်ရေးလှုပ်ရှားမှုများကို ကူညီပံ့ပိုးရန် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အမေရိကန်ပြည်ထောင်စုက ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ထောက်ပံ့မှုသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အပူတပြင်းလိုအပ်လျက်ရှိသည့် နားခိုစရာ၊ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပစ္စည်းများအတွက် ဖြစ်ကြောင်း၊ ဆိုင်ကလုန်းမိုခါ ကုန်းတွင်းပိုင်းသို့ မဝင်ရောက်မီ​ ရက်ပိုင်းအတွင်းကပင် အမေရိကန်အစိုးရ၏ မိတ်ဖက်များသည် အရေးပေါ်စားနပ်ရိက္ခာများ၊ အမိုးအကာပစ္စည်းများ၊ အဓိကကျသောကယ်ဆယ်ရေးပစ္စည်းများနှင့် ဆေးဝါးများကို ကြိုတင်နေရာရွှေ့ပြောင်းခြင်းအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို အသင့်ပြင်ဆင်ထားခဲ့ကြကြောင်း၊ ထိခိုက်မှုနှင့် ဦးစားပေးလိုအပ်ချက်များကို သုံးသပ်နိုင်ရန်အတွက် အမေရိကန်အစိုးရသည် မြေပြင်မှ မိတ်ဖက်များနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်အမေရိကန်သံရုံးက ဆိုသည်။

ကူညီထောက်ပံ့မှုသည် အများဆုံးလိုအပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများသို့ လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများထံသို့ အလွယ်တကူရောက်ရှိနိုင်ရန်၊ အကူအညီများပေးအပ်နိုင်ရန် အလွန် အရေးကြီးကြောင်းရှေ့လာမည့် ရက်များ၊ သီတင်းပတ်များနှင့် လများအတွင်း ဘေးသင့်သူများကို ဆက်လက်၍ ကူညီသွားရန် အမေရိကန်ပြည်ထောင်စုက သံန္နိဋ္ဌာန်ချထားကြောင်း အမေရိကန်က ဆိုသည်။

ဓာတ်ပုံ- မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြိုလဲနေသော စစ်တွေမြို့အဝင် ဆိုင်းဘုတ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article