36 C
Yangon

မိုခါ မုန်တိုင်းကြောင့် ၂ ရက်ဆက် မိုးရွာသွင်းပြီး ချောင်းရေ မြင့်တက်မှုကြောင့် ပခုက္ကူ အနောက်ဘက်ရှိ ကျေးရွာများ ရေနစ်မြုပ်နေ

Must read

မိုခါ မုန်တိုင်းကြောင့် ၂ ရက်ဆက် မိုးရွာသွင်းပြီး ချောင်းရေ မြင့်တက်မှုကြောင့် ပခုက္ကူ အနောက်ဘက်ရှိ ကျေးရွာများ ရေနစ်မြုပ်နေ

ရန်ကုန်၊ မေ ၁၄

မိုခါ မုန်တိုင်းကြောင့် ၂ ရက်ဆက် မိုးရွာသွင်းပြီး ချောင်းရေ မြင့်တက်မှုကြောင့် ပခုက္ကူ အနောက်ဘက်ရှိ ကျေးရွာများ ရေနစ်မြုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် စစ်တွေမြို့ကို ဖြတ်ကျော် ဝင်ရောက်လာသည့် မိုခါ မုန်တိုင်းကြောင့် ပခုက္ကူမြို့နယ် အနောက်ဘက်ရှိ ကျေးရွာများတွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ကမ္မမြို့ နတ်အင်းချောင်းမှ ရေမြင့်တက်လာမှုကြောင့် ကျေးရွာများ ရေနစ်မြုပ်နေကြောင်း သိရသည်။

“ပခုက္ကူ အနောက်ဘက်က ရွာတွေ ရေနစ်မြုပ်နေပါတယ်။ ကမ္မမြို့နားက နတ်အင်းချောင်းက ရေမြင့်တက်လာတော့ ရေတွေက ရွာထဲကို ဝင်လာပေါ့။ ခုထိ မိုးတွေက တအားရွာနေတုန်းပဲ အိမ်အပေါ်မှာ တက်နေရတယ်။ မိုးက ၂ ရက် ဆက်တိုက်ကို ရွာတာ ဒီနေ့ ၃ နာရီ ခွဲလောက်မှာ ရေက စတင်နေတာ” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article