27 C
Yangon

မိုခါ မုန်တိုင်းသင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာ ထောက် ထားမှု အကူအညီ ဒေါ်လာ ၁၇ သန်း အမေရိကန်ပေးမည်

Must read

မိုခါ မုန်တိုင်းသင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာ ထောက် ထားမှု အကူအညီ ဒေါ်လာ ၁၇ သန်း အမေရိကန်ပေးမည်

■ စစ်ကောင်စီကို တိုက်ရိုက်ပေးမည်မဟုတ်ဘဲ ကူညီရေးဆောင်ရွက်နေသည့် မိတ်ဆက်အဖွဲ့အစည်းများမှ တဆင့် ပေးအပ်မည်

ရန်ကုန်၊ မေ ၂၄

မိုခါ ဆိုင်ကလုန်းမုန်တိုင်းသင့် မြန်မာပြည်သူများအတွက် လူသားချင်းစာနာ ထောက် ထားမှု အကူအညီ အမေရိကန်ဒေါ်လာ ၁၇ သန်း အမေရိကန်က ပေး အပ်မည်ဖြစ်ကြောင်း အမေရိကန်အစိုးရက တရားဝင် ကြေညာသည်။

မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများကို တုံ့ပြန် ဆောင် ရွက်ရန် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန် ဒေါ်လာ ၁၇ သန်း နီးပါး ကို ထပ်တိုးကူညီသွားမည်ဖြစ်ကြောင်း၊ အဆိုပါအကူအညီကို အမေရိ ကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် မုန်တိုင်း သင့် ဒေသ များ တွင် ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများကို ပေးအပ် သွားမည်ဖြစ်ပြီး အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်း ကျင် သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရာတွင် အကူအညီ ဖြစ်စေ မည်ဟု ရန်ကုန်အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကူအညီ ထောက်ပံ့မှုအများဆုံးလိုအပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများသို့ အကူအညီပေးသည့်အဖွဲ့အစည်းများ အလွယ်တကူရောက်ရှိနိုင်ရန်နှင့် အကူ အညီများပေးအပ်နိုင်ရန် အလွန် အရေးကြီးကြောင်း၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုး တက်ရေး အေဂျင်စီ (USAID) မှတဆင့် အမေရိကန် ပြည်ထောင်စုက မုန်တိုင်း သင့် မြန်မာပြည်သူ ၅ သန်းကျော် အတွက် လူသားချင်းစာနာ ထောက် ထား မှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လူသားချင်းစာနာမှုဆိုင် ရာ အကူအညီ ဒေါ်လာ ၁၇ သန်းနီးပါး ပံ့ပိုးခြင်းဖြစ်ကြောင်း သိရှိရသည်။

မုန်တိုင်းသင့် ဒေသများအတွက် အမေရိကန်က အရေးပေါ်ရန်ပုံငွေ ကနဦး ဒေါ်လာ ၂ သိန်းပေးအပ်ပြီးနောက် ထပ်မံ၍ အမေရိကန်ဒေါ်လာ ၁၇ သန်း ထပ်မံ ပေးအပ်ခြင်းဖြစ်ပြီး မုန်တိုင်း ဘေးဒဏ်သင့်ဒေသများတွင် လုပ်ဆောင် နေသော USAID လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်များ မှတစ် ဆင့် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရှီရသည်။

၂၀၁၇ ခုနှစ် သြဂုတ်လမှစတင်၍ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အမေရိ ကန် ဒေါ်လာ သန်း ၄၀၀ ကျော် ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article