36 C
Yangon

မိုးကုတ်မြို့ပေါ်၌ တပ်စွဲထားသော စစ်တပ်ကို KIA၊PDF ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

Must read

မိုးကုတ်မြို့ပေါ်၌ တပ်စွဲထားသော စစ်တပ်ကို KIA၊PDF ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ရှိ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KIA၊PDF ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း မိုးမိတ်ခရိုင်KPDFတပ်ရင်းထံမှ သိရသည်။

ဧပြီလ ၂၆ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်က မိုးကုတ်မြို့နယ်အရှေ့ပိုင်း၊ မင်းတံတားအုပ်စု၊ ဗန်မွန် စံပြကျေးရွာရှိ ဗန်မွန် ဘုန်းတော်ကြီး ကျောင်းအတွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ကချင်လွတ် မြောက် ရေးတပ်မတော် (K.I.A.)အမှတ် ၃၄ တပ်ရင်း၊ မိုးမိတ်ခရိုင်(K-PDF)တပ်ရင်း ပူးပေါင်းတပ်ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀ မိနစ်ခန့် အပြန်လှန်ပစ်ခတ်တိုက်ခိုက်ပွဲ ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ဒဏ်ရာရရှိပြီး ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်းက ထုတ်ပြန်ထားသည်။

အလားတူ မိုးကုတ်မြို့အရှေ့ပိုင်း၊ မင်းတံတားအုပ်စု၊ နန်းနွဲ့ပေါ်တော်မူဘုရားအနီး၌တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၉ ရက် ည ၇ နာရီခန့်က အဆိုပါ အကြမ်းဖက်စစ်သားများအား ကချင်လွတ်မြောက် ရေးတပ်မ တော်(K.I.A.)အမှတ်(၃၄)တပ်ရင်း၊မိုးမိတ်ခရိုင်(K-PDF)တပ်ရင်း ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ည ၇ နာရီ မိနစ် ၂၀ တွင်မိုးကုတ်မြို့နယ် အရှေ့ပိုင်း မင်းတံတားရပ်ကွက်ရှိ မိုးကုတ်မြို့နယ် လျှပ်စစ်ဓာတ်အားပေး စက်ရုံစောင့် အကြမ်းဖက်စစ်သားများကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အားလုံးအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article