28 C
Yangon

မိုးကောင်းတွင် PDF များ လက်နက်ဖြင့် အလင်းဝင်လျှင် ဆုငွေပေးမည်ဆို သော စစ်ကောင်စီ၏ ကြော်ငြာ ဗီနိုင်းပေါ်တွင် စစ်သားများ CDM ဝင်ရန် ဖိတ်ခေါ်စာများ ပြန်လည်ကပ်ပြီး စစ်တပ် လုံခြုံရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်

Must read

မိုးကောင်းတွင် PDF များ လက်နက်ဖြင့် အလင်းဝင်လျှင် ဆုငွေပေးမည်ဆို သော စစ်ကောင်စီ၏ ကြော်ငြာ ဗီနိုင်းပေါ်တွင် စစ်သားများ CDM ဝင်ရန် ဖိတ်ခေါ်စာများ ပြန်လည်ကပ်ပြီး စစ်တပ် လုံခြုံရေးဂိတ်ကို ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မေ ၂၄

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် PDF များ လက်နက်ဖြင့် အလင်းဝင် လျှင် ဆုငွေပေးမည်ဆိုသော စစ်ကောင်စီ၏ ကြော်ငြာ ဗီနိုင်းပေါ်တွင် စစ်သား များ CDM ဝင်ရန် ဖိတ်ခေါ်စာများ ပြန်လည်ကပ်ပြီး စစ်တပ်၏ လုံခြုံရေးဂိတ် ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မိုးကောင်းမြို့နယ် မြို့ပြပျောက်ကြားရေး တပ်ဖွဲ့ မှ တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂၃ ရက်နေ့ နံနက်ပိုင်း မိုးကောင်းမြို့အတွင်းတွင် စစ်ကောင်စီက PDF များ အလင်းဝင်လျှင် ဆုငွေပေးမည်ဆိုသော ကြော်ငြာ ဗီနိုင်းစိုက်ထူထားမှု အပေါ် တွင် မိုးကောင်း PDF က စစ်သား CDM ဝင်လိုပါက ဆက်သွယ်နိုင် ကြောင်း ကြော်ငြာစာများ လိုက်လံကပ်ကြောင်း၊ ယင်းနောက် မိုးကောင်းမြို့ အထွက် အမှတ် ၇၄ တပ်ရင်း၏ လုံခြုံရေးဂိတ်တဲကို ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရှိရသည်။

“စစ်ကောင်စီက PDF တွေ အလင်းဝင်ဖို့ ရေးသားထားတဲ့ ဆိုင်းဘုတ်ပေါ်မှာ ပြန်လည်ဖိတ်ခေါ်ကြောင်း ကြော်ငြာစာတွေကို မနေ့ နံနက် ၄ နာရီခွဲမှာ ကျနော် တို့ လိုက်ကပ်တယ်။ နောက်ပြီး မနေ့ ညနေ ၅ နာရီ ၁၀ မိနစ်မှာ မိုးကောင်း မြို့အထွက် အမှတ် ၇၄ တပ်ရင်း ရဲကင်းတဲကို ကျနော်တို့ အဖွဲ့ တွေ သွားရောက်ပစ်ခတ်ခဲ့ပါတယ်။ အပြန်အလှန်ပစ်ခတ်ရင်း အထိအခိုက်မရှိ ကျနော် တို့ ပြန်ဆုတ်ခွာနိုင်ပါတယ်။ စစ်တပ်ဘက်မှ စစ်သားတစ်ဦး ထိမှန်ခဲ့ တယ်လို့ သိရပါတယ်” ဟု မိုးကောင်းမြို့နယ် မြို့ပြပျောက်ကြားရေးတပ်ဖွဲ့မှ တာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မိုးကောင်းမြို့တွင် ယခင်ထက်ပို၍ စစ်ဆင်ရေးများကို တိုးချဲ့မည်ဖြစ်ပါသဖြင့် ပြည်သူများအနေနှင့် သေနတ်သံ ဗုံးသံကြားလျှင် ထွက်မကြည့်ကြပါရန်၊ စစ် ကောင်စီနှင့်သက်ဆိုင်သောနေရာများကို သွားလာခြင်း လျှော့ချကြပါရန် မိုးကောင်း မြို့နယ် မြို့ပြပျောက်ကြားရေးတပ်ဖွဲ့က ပြည်သူများကို သတိပေး ချက် ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article