28 C
Yangon

မိုးဗြဲတွင် ကုန်ကား ၁ စီးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ စစ်ဘေးရှောင် စခန်းကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု နေအိမ် ၂ လုံးပျက်စီး

Must read

မိုးဗြဲတွင် ကုန်ကား ၁ စီးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ စစ်ဘေးရှောင် စခန်းကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု နေအိမ် ၂ လုံးပျက်စီး

ရန်ကုန်၊ မေ ၂၄

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် နယ်စပ်၊ မိုးဗြဲမြို့တွင် ကုန်ကား ၁ စီးကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး သေဆုံးကာ စစ်ဘေးရှောင် စခန်းကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု နေအိမ် ၂ လုံးပျက်စီး ခဲ့ကြောင်း မိုးဗြဲ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (MBPDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂၂ ရက်နေ့တွင် မိုးဗြဲ စက်တော်ရာ တောင်ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် လမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ကုန်တင်ယာဥ် တစ်စီး လက်နက်ကြီး ထိမှန်ကာ ယာဥ် နောက်လိုက် ၁ ဦး သေဆုံးပြီး ယာဉ်မောင်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၂၃ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့် တွင် မိုးဗြဲရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို အကြမ်း‌ဖက် စစ်တပ်က တိုက်လေယာဥ် ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာ မရှိပါဘူး။ စစ်ခွေးတွေ ရမ်းသမ်းပဲ လျှောက်ပစ်တာပါ” ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MBPDF) မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ရှမ်းတောင် ဖယ်ခုံမြို့နယ်နှင့် ကယားတွင် စစ်ဘေးရှောင်ရှိရာ နေရာများ၊ ဆေးရုံများကို မကြာခဏ ဦးတည်တိုက်ခိုက်လျက်ရှိရာ ပြည်သူများ အနေဖြင့် လေယာဉ်သံကြားလျှင် ဗုံးခိုကျင်းထဲ အမြန်ဆုံးဝင်ပုန်းကြရန် မေတ္တာရပ်ခံကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article