36 C
Yangon

မိုးဗြဲမြို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

မိုးဗြဲမြို့တွင် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ မေ ၂၀

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ စည်ကား ၃ ရပ်ကွက်အတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ် ရာ ရရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ် Karenni’s Voice ၏ သတင်း ဖော် ပြချက် နှင့် မိုးဗြဲဒေသပြည်သူတချို့၏ ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားချက်များအရ သိရှိရသည်။

မေလ ၁၉ ရက်နေ့ ည ၇ နာရီအချိန် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည် သည် မိုးဗြဲမြို့၊ စည်ကား ၃ ရပ်ကွက်အတွင်းသို့ ကျရောက်ပြီး အသက် ၂၁ နှစ် အရွယ် မမေဇင်ထူး ကို ထိမှန်ခဲ့ကြောင်း၊ လက် နက် ကြီး ထိမှန်မှု ကြောင့် မမေဇင်ထူး၏ ညာဘက်ပေါင်တွင် ကျည်အစမှန်၍ ဒဏ်ရာရ ရှိခဲ့ ကြောင်း၊ နေအိမ် ပြတင်းပေါက်မှန်များလည်း လက်နက်ကြီးကျည် ထိမှန်မှု ကြောင့် ပျက်စီးသွား ကြောင်း သိရှိရသည်။

ထို့ပြင် မေလ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်ကလည်း အကြမ်းဖက်စစ် ကောင်စီ၏ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် ကုန်းသာ ကျေးရွာမှ ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ကုန်းသာကျေးရွာ အ တွင်း ရှိ အသက် ၄၁ နှစ်အရွယ် ဦးကောလု၏ ခြံဝန်းအတွင်း ကျရောက်ပေါက် ကွဲခဲ့ ခြင်းဖြစ်ပြီး ဦးကောလု၏ ခါး၊ လက် နှင့် ခြေထောက်များတွင် ထိခိုက် ဒဏ် ရာများ ရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

မိုးဗြဲတွင် လက်နက်ကြီးထိမှန် ဒဏ်ရာရသူများကို ကူညီပေးနေသော ရွှေလွိုင် ကော်(ကယား) ပရဟိတ အသင်းထံသို့ ရန်ကုန် ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ် မှန်ကန် ကြောင်းသာ ပြောဆိုပြီး အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article