36 C
Yangon

မိုးမိတ်၊ ကျောက်မော ရဲကင်း စခန်းကို ABSDF ကျောင်းသား တပ်မတော်က ဝင်ရောက် တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံးပြီး သေနတ် ၆ လက် သိမ်းဆည်းရမိ

Must read

မိုးမိတ်၊ ကျောက်မော ရဲကင်း စခန်းကို ABSDF ကျောင်းသား တပ်မတော်က ဝင်ရောက် တိုက်ခိုက်မှု ရဲ ၄ ဦးသေဆုံးပြီး သေနတ် ၆ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ မေ ၂၅

ရှမ်းပြည်နယ်၊ မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောရွာရှိ ရဲကင်းစခန်းကို မေလ ၂၄ ရက်နေ့တွင် ABSDF ကျောင်းသား တပ်မတော် မှ ဝင်ရောက် ပစ်ခတ်စီးနင်း ခဲ့ရာ ရဲတပ်ကြပ်ကြီး အပါအဝင် ရဲ ၄ ဦး သေဆုံးပြီး သေနတ် ၆ လက် သိမ်းဆည်းရမိခဲ့ကြောင်း ABSDF ​ရှမ်းမြောက် ပြန်ကြားရေးမှ ABSDF ​ပြန်ကြားရေးဌာန မှ ရဲဘော် အာကာ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ကျောက်မောရွာတွင် အထိုင်ချ ထားသည့် ရဲကင်း ကို ABSDF ​ကျောင်းသားတပ်မတော် မှ မေလ ၂၄ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် အချိန် မှ စ၍ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီ ၄၅ မိနစ်တွင် စခန်းကို ဝင်ရောက် စီးနင်း သိမ်းပိုင်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရဲတပ်ကြပ်ကြီး အပါအဝင် ရဲ ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း BA- 63 (G-3) ၄ လက်၊ BA-64 (G-4)၁ လက်၊ BA-93 Uzi ၁ လက် ၊ကျည်ကဒ် ၉ ကဒ် ၊ကျည် ၆၅၀ နဲ့ လက်ပစ်ဗုံး ၃ လုံး အပါအဝင် ရဲ အသုံးအဆောင်ပစ္စည်း များကို သိမ်းဆည်းရမိခဲ့ပြီး စခန်း အတွင်းရှိ အမျိုး သမီး ၃ ဦးနှင့် ကလေး ၂ ဦး ကို ပြန်လွှတ်ပေးခဲ့ကြောင်း ABSDF ​ပြန်ကြားရေးဌာန မှ ရဲဘော် အာကာ က ပြောဆိုသည်။

ကျောက်မောဂိတ်ရှိတဲ့ ရဲများနှင့် စစ်သားများသည် ဖြတ်သွားဖြတ်လာ ယာဥ်များနှင့် အနီးအနားရှိ လုပ်ငန်းရှင်များထံမှ ပိုက်ဆံတောင်းခြင်း၊ ရိက္ခာအတင်း တောင်းယူခြင်းများ ပြုလုပ်လေ့ရှိကြောင်း၊ ABSDF ကျောင်းသားတပ်မတော် အနေဖြင့် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် တွင် အကြမ်းဖက် စစ်တပ်ကို တော်လှန် တိုက်ခိုက်နေပြီး စစ်ကိုင်းတိုင်း အင်းတော်ဒေသတွင် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း ABSDF ​ပြန်ကြားရေးဌာန မှ ရဲဘော် အာကာက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article