37 C
Yangon

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMU အဖွဲ့ တာဝန်ခံ ဗိုလ်စံရှားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၉ မိနစ်တွင် မြင်းမူမြို့မှ မုံရွာဘက်သို့ မုန်တိုင်း အကြား အလစ်အငိုက် ခိုးထွက်လာသည့် အကြမ်းဖက် စစ်ကား ၃ စီးကို ဘိုးမင်းကြီးကင်းနှင့် ဂွေးပင်တော အကြားတွင် Black Eagle Defence Force-MMU (မြင်းမူ လင်းယုန်နက် ကာကွယ်ရေး အဖွဲ့) နှင့် ညီနောင်မဟာမိတ်များ ပူးပေါင်းကာ ပဒေသာ – မိုင်း ၂ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ရှေ့ဆုံး ဂျန်ဘာကား ထိမှန်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး သေစာရင်း မသိရသေးဘူး။ အင်အား အပြည့်ပါ ဂျန်ဘာကား ကတော့ အမိုးတွေ ပွင့်ထွက်သွားတယ်။ ပဒေသာ မိုင်း ၂ လုံး အသုံးပြုပြီး မိုင်းဆွဲခဲ့တာပါ။ ကျွန်တော်တို့ ကာကွယ်ရေး ရဲဘော်တွေ ကတော့ လုံးဝ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Black Eagle Defence Force-MMU အဖွဲ့ တာဝန်ခံ ဗိုလ်စံရှားက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်ပြီး မြင်းမူမြို့နယ် ပကဖ၊ People’s Defence Force Myinmu-MMU PDF စသည့် မဟာမိတ်(၃)ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article