40.9 C
Yangon

မော်လိုက်တွင် စစ်တပ်က ဆက်သွယ်ရေး လိုင်းများ ဖြတ်တောက်ထားပြီး ကျေးရွာများကို ဗုံးကျဲကာ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

Must read

မော်လိုက်တွင် စစ်တပ်က ဆက်သွယ်ရေး လိုင်းများ ဖြတ်တောက်ထားပြီး ကျေးရွာများကို ဗုံးကျဲကာ လက်နက်ကြီးဖြင့် ပစ်ခတ်နေ

■ ရွာပေါင်း ၂၀ ကျော်က သောင်းနှင့်ချီသော ပြည်သူများထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၁၈

စစ်ကိုင်တိုင်း၊ မော်လိုက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဆက်သွယ်ရေး လိုင်းများ ဖြတ်တောက်ထားပြီး ကျေးရွာများကို ဗုံးကျဲကာ လက်နက်ကြီးဖြင့် ပစ်ခတ် နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၁၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မော်လိုင်းမြို့နယ်တွင် ဆက်သွယ်ရေးလိုင်းများပါ ဖြတ်တောက်ထားပြီး လေယာဉ်ဖြင့် ဗုံးကျဲကာ လက်နက်ကြီးများဖြင့် ဒီပင်္ကရာဘုရားဝန်းပေါ်မှ ကျေးရွာများအတွင်း ပစ်ခတ်နေကြောင်း သိရသည်။

လက်ရှိချိန်တွင် ညောင်ဝန်း၊ ညောင်သပြေ၊ ကြာအင်း၊ သာနန်းတော၊ တောင်းအင်၊ တောင်တွင်း၊ ကံထူး၊ အုတ်ဖို၊ ထန်းတော၊ ညောင်ကုန်း၊ ထန်းပင်ကုန်းနှင့် ချင်းတွင်းမြစ်အရှေ့ဖက်ကမ်းမှ ကုန်းချေပိုင်းရွာများမှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

“အခုလက်ရှိဖြစ်နေတာပါ အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေပါ ဖြတ်တောက်ထားတယ်။ လက်နက်ကြီးတွေက သာနန်းတော ကျေးရွာကို ကျနေတာပါ။ တိုက်လေယာဉ်က ရမ်းကျဲတာပါ။ ရွာတွေတော့ မထိဘူးကြားတယ်။ မွန်းလွဲ ၁၂ ခွဲကနေ ၁ ခွဲကြား ကျဲတာ။ တောင်အင်းကျေးရွာ ၊ သာနန်းတောကျေးရွာ၊ တောင်တွင်းကျေးရွာအနီးတစ်ဝိုက်ကိုပါ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

တိုက်ပွဲ ဖြစ်ပွားချိန်တွင် အကြမ်းဖက်စစ်တပ်မှ ဒီပင်္ကရာ ဘုရားတောင်တွင် လက်နက်ကြီးနှစ်လုံးတပ်ဆင်၍ ပစ်ခတ်နေခြင်းဖြစ်ပြီး တပ်အင်အား ကား ၅ စီး၊ စစ်ကောင်စီဝင် အင်အား ၃၀ ခန့်ဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

တိုက်ပွဲဖြစ်ပွားနေခြင်းနှင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် ပစ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်းကြောင့် ပြည်သူများ စစ်ဘေးရှောင်နေရ​ပြီး လက်ရှိအချိန်တွင် မိုးရွာသွန်းမှု များနေ၍ တိုက်ပွဲမှာ ခေတ္တရပ်ထားကြောင်း ဒေသပြည်သူများက ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article