31 C
Yangon

မြန်မာနိုင်ငံတွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၄၅၅ ဦးရှိပြီး စိုက်ပျိုးမြေ ၄၂၅၁၇ ဧက ပျက်စီး ဆုံးရှုံးဟု NUG တရားဝင်ထုတ်ပြန်

Must read

မြန်မာနိုင်ငံတွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူ ၄၅၅ ဦးရှိပြီး စိုက်ပျိုးမြေ ၄၂၅၁၇ ဧက ပျက်စီး ဆုံးရှုံးဟု NUG တရားဝင်ထုတ်ပြန်

ရန်ကုန်‌ ၊ မေ ၁၈

မြန်မာနိုင်ငံတွင် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မေလ ၁၇ ရက်နေ့ အထိ စာရင်းအရ သေဆုံးသူ ဦးရေ ၄၅၅ ဦးအထိ ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြောသည်။

မုန်တိုင်းကြောင့် သေဆုံးသူများမှာ ရခိုင်ဒေသတွင် အများဆုံးဖြစ်ပြီး ၄၃၁ ဦးအထိ ရှိကြောင်း၊ စစ်ကိုင်းတိုင်းတွင် ၄ ဦး၊ မကွေးတိုင်းတွင် ၁၅ ဦး၊ ရန်ကုန်တိုင်းတွင် ၁ ဦး၊ ဧရာဝတီတိုင်းတွေ ၁ ဦး၊ မန္တလေးတိုင်းတွင် ၁ ဦး၊ ရှမ်းပြည်နယ်တွင် ၂ ဦး သေဆုံးခဲ့ကြောင်း စာရင်းများအရ သိရှိရသည်။

ထို့ပြင် မိုခါ မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်ပေါင်း ၁၃ မြို့နယ်တွင် အဆောက်အအုံ ၄၉ ခု၊ လမ်း၊တံတား၊မီးတိုင် ၂၆ ခု၊ စိုက်ပျိုးမြေ ၄၂၃၀၀ ဧကဆုံးရှုံးခဲ့ရကြောင်း၊ မကွေးတိုင်းတွင်မူ မြို့နယ် ၁၁ မြို့မှ အဆောက်အအုံ ၉၁ ခု၊ လမ်း၊တံတား၊မီးတိုင် ၈ ခု ၊ စိုက်ပျိုးမေ ၂၁၇ ဆုံးရှုံးခဲ့ရကြောင်း၊ ချင်းပြည်နယ်တွင်မူ မြို့နယ် ၈ မြို့နယ်မှ အအောက်အုံ ၁၄၂၈ ခု ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွက် ကနဦး ထောက်ပံ့ငွေ ၁၃,၀၀၀,၀၀၀ ကျပ် ၊ ချင်း ပြည်နယ်အတွက် ကနဦးထောက်ပံ့ငွေ ၁၀,၀၀၀,၀၀၀ ကျပ်၊ ဘင်္ဂလားဒေ့ရှိနိုင်ငံ ကော့ဘဇားရှိ ထိခိုက်လွယ်မိသားစု ၁၄၀ စာ Cyclone Emergency Preparedness Kits များအတွက် ၇,၆၀၀,၀၀ ကျပ်၊ မကွေးတိုင်းတွင် အရေးပေါ် စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အကောင်အထည်ဖော်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် အသက်ဆုံးပါးသွားသည့် ကျန်ရစ်သူမိသားစုဝင်များကို ထောက်ပံ့ရန် ကျပ်သိန်း ၁၉,၉၀၇,၀၀၀ ၊ စစ်ကိုင်း တိုင်းတွင် အရေးပေါ် စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ကျပ်သိန်း ၁၃,၄၅၀,၀၀၀ ၊ ရန်ကုန်တိုင်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ၁ ဦးကို ထောက်ပံ့ရန်အတွက် ကျပ် ၁၀၀,၀၀၀ ကို မေလ ၁၇ ရက်နေ့အထိ လူသားစာနာကိစ္စရပ်များအတွက် ထောက်ပံ့မှုများ ပေးခဲ့ကြောင်း သိရှိရသည်။

လက်ရှိမြေပြင်တွင် ရိုဟင်ဂျာများ မုန်တိုင်းကြောင့် သေဆုံးမှုနှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက် ဆက် လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။

“သေဆုံး ရိုဟင်ဂျာစာရင်းကို ကျောင်းသားလူငယ်တွေနဲ့ ပရဟိတ လူငယ်တွေက ကြိုးစားပြီးတော့ စာရင်းကောက်နေတယ်။ အခုထိ အားလုံးမ​ပြီးသေးပါဘူး။ ခန့်မှန်းအားဖြင့် သေဆုံးသူ ၅၀၀ နီးပါဖြစ်ဖို့လို့ များနေပါတယ်။ အခုလက်ရှိတော့ ကောက်နေတုန်းပါ” ဟု မြေပြင်သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article