37 C
Yangon

မြောင်မြို့နယ်၊ ပန်းညိုကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ် ၁ လုံး ပျက်စီး

Must read

မြောင်မြို့နယ်၊ ပန်းညိုကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ် ၁ လုံး ပျက်စီး

ရန်ကုန်၊ မေ ၁၇

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကိုနွေဦး(မြောင်)က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ ၁၇ ရက် နေ့လည် ၁၁ နာရီခန့်က ဧရာဝတီမြစ်အရှေ့ဘက်ရှိ အကြမ်းဖက်စစ်တပ်မှ ဧရာဝတီ မြစ်အနောက်ဘက်ရှိ ပန်ညိုကျေးရွာပေါ်သို့ ဒရုန်းဖြင့် အီနာဂါဗုံးသီး ၄ လုံးတွဲပြီး ကျဲချ တိုက်ခိုက်ခဲ့ရာ နေအိမ်ခေါင်မိုး၊ အိပ်ယာများနှင့် ဘေးကာအရံများ ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ်အတွင်း နေထိုင်သူမျာမှာ ပြင်ပသို့ ထွက်ခွာနေသည့် အချိန်ဖြစ်သဖြင့် လွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ အနောက်ကမ်းမှာရှိတဲ့ ရွာထဲကို လာချတာပါ၊ နေအိမ်ကတော့ တစ်လုံးပဲ ထိခိုက်ပျက်စီးတယ်၊လူကတော့ အပြင်ရောက်နေလို့ ထိခိုက်မှုမရှိပါဘူး” ဟု ကိုနွေဦး (မြောင်)က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ယခင်တုန်းကလည်း ညောင်ကာားယားကျေးရွာကို အကြမ်းဖက်စစ်တပ် ဒရုန်းဖြင့် ၃ ကြိမ် ကျဲချခဲ့ရာ အသက် ၄ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး ကလေးထိန်းနေသော အဖွားတစ်ဦး အပြင်း အထန်ဒဏ်ရာရရှိခဲ့ဖူးကြောင်း၊ နဂါးပေါက်ကျေးအတွင်းသို့လည်း ခဏခဏ ဒရုန်းဖြင့် ဗုံးကျဲချခဲ့ပြီး လူ သေဆုံးထိခိုက်မှုမရှိသော်လည်း နေအိမ်များထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article