34 C
Yangon

ယင်းမာပင်မြို့နယ်တွင် မြောက်ယမား ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေ

Must read

ယင်းမာပင်မြို့နယ်တွင် မြောက်ယမား ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေ

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် မြောက်ယမား ချောင်းရေ မြင့်တက်မှုကြောင့် ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၄ ရက်နေ့တွင် မိုခါ မုန်တိုင်းကြောင့် ယင်းမာပင်မြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွင်းပြီး မြောက်ယမား ချောင်းရေ မြင့်တက်ကာ ကျေးရွာ ၅ ရွာကျော် ရေနစ်မြုပ်နေကြောင်း သိရသည်။

“မိုးသက်လေပြင်း တိုက်ခတ်ပြီး မိုးအဆက်မပြတ်ရွာလို့ မြောက်ယမားချောင်းရေတက်ပြီး ရေနစ်မြုပ်နေတာပါ” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

အဆိုပါ ကျေးရွာ ၅ ရွာမှာ ကျေးစာကျ၊ ဘိန်းနွယ်ချောင်၊ ရွာသာ၊ ဂုဏ်တောနှင့် ရေကြည်ပင် တို့ဖြစ်ပြီး အလှူရှင်များ အနေဖြင့် ရေဘေးသင့် ပြည်သူများကို ကူညီလှူဒါန်းပေးရန် မေတ္တာရပ်ခံကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article