35 C
Yangon

ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က တိုက်လေယာဥ်ဖြင့် ပစ်ခတ်မှု လမ်းပြင်နေသည့် ကား ၂ စီး ပျက်စီးပြီး ခရီးသွားပြည်သူ ၁ ဦးဒဏ်ရာရ

Must read

ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က တိုက်လေယာဥ်ဖြင့် ပစ်ခတ်မှု လမ်းပြင်နေသည့် ကား ၂ စီး ပျက်စီးပြီး ခရီးသွားပြည်သူ ၁ ဦးဒဏ်ရာရ

ရန်ကုန်၊ မေ ၂၉

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဥ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ မေလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၈ မိနစ်နှင့် ၂ နာရီ ၄၆ မိနစ်တို့ တွင် ယင်းမာပင်မြို့နယ်၊ ကပိုင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တိုက်လေယာဉ်နဲ့ ၂ ကြိမ်လာပစ်သွားတာ ကပိုင်ရွာရဲ့ အနောက်တောင်ဘက် ရွာထဲကျတယ်။ ၁ နာရီ ၄၈ မိနစ်မှာ တစ်ကြိမ်၊ ၂ နာရီ ၄၆ မိနစ်လောက်မှာ တစ်ကြိမ် တိုက်ပွဲ ဖြစ်တာ မရှိဘဲ လာပစ်သွားတာ။လက်နက်ကြီး ၁၆ ချက်လောက် ပစ်သွားတယ် ။ မကွဲသေးတဲ့ လက်နက်ကြီး ၂ ခုလောက်ရှိတယ်။ အဓိကက မိုးတွင်းသွားလာရ လွယ်ကူအောင် ပြင်နေတဲ့ လမ်းနေရာကို အဓိက လာပစ်သွားတာ။ ကားတစ်စီးတော့ ကြွေမွသွားတယ်။ လူတွေက မထိဘူး။ ခု ရွားသားတွေက တချို့လည်း ပြန်ဝင်နေကြတယ်။ တချို့လည်း တိမ်းရှောင်ဆဲပဲ” ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းမာပင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ယင်းမာပင် မြို့နယ်၊ ကပိုင်ရွာတောင်ဘက်တွင် ဒေသခံပြည်သူများမှ မိုခါမုန်တိုင်းကြောင့် ပျက်စီး သွားသောကျေးရွာချင်းဆက်လမ်းအားပြုပြင်နေခဲ့ကြစဥ်လမ်းပြင်နေတဲ့ ပြည်သူများအား ယနေ့ နေ့လည် ၂ နာရီခန့်က စကစ အကြမ်းဖက်တပ်က တိုက်လေယာဉ် ၂ စင်းဖြင့် ဗုံးများကျဲ ခြင်း၊ ပစ်ခတ်ခြင်း များဖြင့် တိုက်ခိုက် သွားကြောင်း၊ ပစ်ခတ်မှုမှာ ခရီးသွားပြည်သူ အမျိုးသား တစ်ဦး လက် မောင်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လမ်းပြုပြင်ခြင်းလုပ်ဆောင် နေသည့် မြေသယ် ဖော ကား ၂ စီးပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article